သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီး သုံးဦး ရိုဟင်ဂျာအရေး မြန်မာပြည်သွားမည်


၂၀၁၈ သြဂုတ်လတွင်းကျင်းပခဲတဲ့ ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးမိန့်ခွန်းပြော
၂၀၁၈ သြဂုတ်လတွင်းကျင်းပခဲတဲ့ ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးမိန့်ခွန်းပြော

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ကို နေရပ်ရင်း လုံခြံစွာ ပြန်လည် ပို့ဆောင်နိုင်ရေး ဆွေးနွေးဖို့ စင်္ကာပူနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံကို မကြာခင်မှာ သွားရောက်တော့မယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အင်္ဂါနေ့မှာ ပြောပါတယ်။

အခုလို သွားရောက်ဆွေးနွေးဖို့ အာဆီယံ အဖွဲ့ကြီးရဲ့ အတည်ပြုချက်ကို ရရှိထားတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ခရီးစဉ်ဟာ နိုဝင်ဘာလလယ်လောက်မှာ ဖြစ်နိုင်တယ်လို့ လည်း ပြောပါတယ်။ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ပြဿနာကို ထိပ်တန်းထား ဆွေးနွေးမယ်လို့လည်း မျှော်လင့်ကြပါတယ်။

အခုလို ကနဦးလုပ်ဆောင်ချက်ကနေ လာမယ့် နှစ်အစောပိုင်းလောက်မှာ စပြီး ရခိုင်ပြည်နယ်ထဲက သူတို့ရဲ့ နေအိမ်တွေဆီ ရိုဟင်ဂျာတွေ ပြန်သွားဖို့ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီး Saifuddin ကပြောပါတယ်။

ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ မြန်မာနိုင်ငံက နေပြည်တော်ကို ဘယ်အချိန်မှာ သွားမယ် ဆိုတာ မကြေညာသေးပါဘူး။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလဆန်းမှာ သွားရောက်ဖို့ ရှိတယ်လို့ အင်္ဂါနေ့က ကုလသမဂ္ဂမှာ ပြောပါတယ်။

တကယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အရေးကို မဖြေရှင်းနိုင်ဘူး ဆိုရင် ထိုင်းနဲ့ မလေးရှား နိုင်ငံတွေကိုပါ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရောက်ရှိနေတာမို့ ဒီပြဿနာ အတွက် စိုးရိမ်စရာ ပိုဖြစ်လာပြီး အာဆီယံက အခုလို လုပ်ဆောင်ရတာဖြစ်ပါတယ်။ UNHCR ရဲ့ စာရင်းတွေအရ မလေးရှား နိုင်ငံထဲမှ ရိုဟင်ဂျာ ဒုက္ခသည်က ၇၅ ၀၀၀ ကျော် ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG