သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဓါတ်ပုံသတင်းထောက် တဦးကို ထိုင်းကဖမ်းဆီး


မြန်မာဓါတ်ပုံသတင်းထောက် တဦးကို ထိုင်းကဖမ်းဆီး
မြန်မာဓါတ်ပုံသတင်းထောက် တဦးကို ထိုင်းကဖမ်းဆီး

ဇန်နဝါရီလ ၂၂၊ ၂၀၁၁။ နယ်စပ်ဖြတ်ကျော် သတင်းယူခဲ့တဲ့ မြန်မာတဦးပါအဝင် ဓါတ်ပုံသတင်းထောက်နှစ်ဦးကို ထိုင်းက ဖမ်းဆီးခဲ့ပါတယ်။

ဇန်နဝါရီ ၂၂၊ ၂၀၁၁။ ထိုင်းမြန်မာနယ်စပ်မှာ မြန်မာတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအြ ကား တိုက်ပွဲတွေကို သတင်းယူပြီး၊ မြန်မာနိုင်ငံဖက်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ ဓါတ်ပုံသတင်းထောက်နှစ်ဦးကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

တဦးကတော့ မြန်မာလူမျိုးဖြစ်ပြီး၊ နောက်တဦးကတော့ ဘယ်လ်ဂျီယံနိုင်ငံသားပါ။ ဘယ်လ်ဂျီယံနိုင်ငံသားဖြစ်တဲ့ Pascal Schatterman ကိုတော့ အခု စနေနေ့မှာပဲ သူ့နိုင်ငံကို ပြန်ဖို့ စီစဉ်ထားခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဓါတ်ပုံသတင်းထောက် ဂျွန်စံလင်းကိုတော့ နယ်စပ်ဂိတ်ကနေ မြန်မာတာဝန်ရှိသူတွေဖက်ကို လွဲှပြောင်းသွားမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို ဒီ ဓါတ်ပုံသတင်းထောက်တွေကို ပြန်ပို့မယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ ကြေညာချက်ကို နယူးယောက်အခြေစိုက် CPJ သတင်းသမားကာကွယ်ရေးအဖွဲ့ကတော့ ကန့်ကွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက စစ်တပ်က အုပ်ချုပ်နေမှုတွေနဲ့ပတ်သက်လို့သတင်းယူကြတဲ့နေရာမှာ ထိုင်းနိုင်ငံဟာ သတင်းထောက်တွေအတွက် စိတ်ချဘေးကင်းစွာနဲ့ အလုပ်လုပ်နိုင်တဲ့ နေရာတခုဖြစ်နေတယ်လို့ cpj က ပြောပါတယ်။

ဒါပေမယ့်လည်း အခုလို မြန်မာဓါတ်ပုံသတင်းထောက် ကိုစံလင်းကို ပြန်ပို့မယ်ဆိုရင်တော့၊ မြန်မာသတင်းထောက်ဟာ မြန်မာအာဏာပိုင်တွေရဲ့ အရေးယူမှုကိုခံရနိုင်တယ်လို့ CPJ က ထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာတပ်တွေအကြား တိုက်ပွဲတွေကို သတင်းယူဖို့ မြန်မာဖက်ကို ဖြတ်ကျော်သွားခဲ့ကြတာဖြစ်တယ်လို့ CPJ က ပြောပါတယ်။ ဒီနောက် ထိုင်းဖက်ကို ပြန်အဝင်မှာ ဖမ်းခံရပြီး၊ သူတို့ရိုက်ကူးခဲ့တဲ့ ဗွီဒိယိုတိတ်တွေလည်း ထိုင်းအာဏာပို်င်တွေက သိမ်းဆည်းခဲ့ရပါတယ်။

သူတို့နှစ်ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ အမေရိကန်ဒေါ်လာ ၁၆ ဒေါ်လာ ဒဏ်တပ်ခဲ့ပါတယ်။ ကိုစံလင်းကို မြန်မာနိုင်ငံဖက် ပြန်လွဲှမလွဲှ အခုအချိန်အထိ အတည်ပြုလို့တော့ မရသေးပါဘူး။ မြန်မာသတင်းသမဂ္ဂကတော့ ဒီကိစ္စအတွက် လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။

XS
SM
MD
LG