အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ တေးသီချင်းတပုဒ်ကိုကြားရမှာပါ။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲကိုထောက်ခံတဲ့အသံတွေရော၊ ကန့်ကွက်တဲ့အသံတွေရော ပိုပြီးကြားလာနေရပါတယ်။ ရွေးကောက်ပွဲအပေါ်မှာထားတဲ့ သဘောထားတွေကို အနုပညာနဲ့ထုတ်ဖော်မှုတွေလည်း ရှိလာနေတာပါ။ အဲဒီဖန်တီးမှု တွေထဲက မျိုးချစ်မြန်မာ ရေးဖွဲ့ သီဆိုထားတဲ့ မဲထည့်စရာအကြောင်းမရှိ ဆိုတဲ့သီချင်းကိုထုတ်လွှင့်ပေးပါ့မယ်။ ဘာကြောင့် ဒီသီချင်းကိုသီဆိုဖန်တီးရတာလည်းဆိုတာကိုလည်း မျိုးချစ်မြန်မာက ရှင်းပြပါလိမ့်မယ်။ ကိုကျော်အောင်လွင်က တင်ဆက်ထားတာပါ။