သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှ နိုင်ငံခြားရေးဝန်ကြီး၊ ဆီးရီးယားသမ္မတနဲ့ တွေ့


ရုရှနိုင်ငံခြားရေးဝန်ကြီးဟာ ဆီးရီးယားသမ္မတ Assad နဲ့ တွေ့ဆုံ

ဖေဖေါ်ဝါရီ (၇)ရက်နေ့မှာ ဆီးရီးယားနိုင်ငံ Damascus မြို့ တော်ကို ရုရှနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ရောက်ရှိလာပြီးတော့ ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ တွေ့ဆုံခဲ့တာမှာ၊ ရုရှအစိုးရအနေနဲ့ ဆီးရီးယားက အာရပ်ပြည်သူတွေ ငြိမ်းချမ်းစွာနေထိုင်ရေးကို လိုလားကြောင်း ပြောဆိုလိုက်ပါတယ်။ ဆီးရီးယားမှာ သမ္မတ Assad အစိုးရက ဆီးရီး ယားပြည်သူတွေကို ဆက်ပြီး အကြမ်းဖက်နှိပ်ကွပ်နေတဲ့ သတင်းတွေ၊ အနောာက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက၊ ဆီးရီးယားအရေး ဖြေရှင်းချက်တစ်ရပ် ရရှိရေး တောင်းဆိုနေကြစဉ်မှာ၊ ရုရှနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆီးရီးယားသမ္မတတို့ တွေ့ဆုံခဲ့ကြတာပါ။

ရုရှနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ဟာ၊ ရုရှရဲ့ နိုင်ငံခြားရေးရာ ထောက်လှမ်းရေး မှူးချုပ်နဲ့အတူ Damascus မြို့ တော်ကို ရောက်ရှိလာခဲ့တာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆီးရီး ယားနိုင်ငံသား တွေအပေါ်မှာ တစ်နှစ်နီးပါးလောက် အကြမ်းဖက် နှိပ် ကွပ်နေတဲ့ သမ္မတ Assad ကို ပြစ်တင်ရှုတ်ချတဲ့ဆုံးဖြတ်ချက်ကို ရုရှနဲ့ တရုတ်နိုင်ငံတို့က ဖေဖေါ်ဝါရီ (၃)ရက်နေ့က ဗီတိုအာဏာသုံး ပယ်ချခဲ့ကြပါတယ်။

တရုတ် နိုင်ငံကလည်း ရုရှနဲ့ ဆီးရီးယားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတွေကနေ အကျိုးဖြစ်ထွန်းနိုင်လိမ့် မယ်လို့ မျှော်လင့်ကြေင်းနဲ့ တရုတ်ရဲ့သံတမန်အဖွဲ့ကို လည်း ဆီးရီးယားကို စေလွှတ်ဖို့ စဉ်းစားနေတယ်လို့၊ တရုတ်အစိုးရက ဆိုပါတယ်။ အိမ်နီးချင်းတူရကီနိုင်ငံရဲ့ ဝန်ကြီးချုပ် Recep Tayyip Erfogan ကလည်း တူရကီဟာ ဆီးရီးယားအစိုးရဘက် က မရပ်တည်ဘဲ ဆီးရီးပြည်သူတွေဘက်က ရပ်တည်တဲ့ နိုင်ငံတွေနဲ့ လက်တွဲပြီး၊ ဆီးရီးယားအရေး ဖြေရှင်းဖို့ လုပ်ဆောင်သွားမယ်လို့ ဖေဖေါ်ဝါရီ (၇)ရက်နေ့က ပြောကြား လိုက်ပါတယ်။

XS
SM
MD
LG