အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ မြန်မာ့ပန်းချီလောကရဲ့ အခြေအနေတွေကို နားဆင်ရမှာပါ။ မြန်မာ့ပန်းချီကားတွေဟာ ပြည်တွင်းမှာတင်မက ပြည်ပမှာပါ အရောင်းအဝယ် ဖြစ်လာတဲ့အထိ ဈေးကွက်အရရော၊ လက်ရာအရပါ တိုးတက်မှုတွေ ရှိလာနေပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာကို ဝင်ဆန့် နိုင်ဖို့က မျိုးဆက်သစ် မြန်မာလူငယ်ပန်းချီသမားတွေမှာ လွတ်လပ် ပွင့်လင်းတဲ့ အတွေးအခေါ်တွေ များများရှိမှ ဖြစ်နိုင်မယ်လို့ ပန်းချီဖေညွန့်ဝေက ယူဆပါတယ်။ သူတို့ ဖြတ်သန်းခဲ့တဲ့ ခေတ်ထက် အခွင့်အလမ်းကောင်းတွေ ပိုရနေတဲ့ ဒီနေ့ခေတ် လူငယ်ပန်းချီသမားတွေ ကမ္ဘာ့အဆင့်မီအောင် အားထုတ်စေချင်နေတဲ့ ပန်းချီဖေညွန့်ဝေကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာ့ပန်းချီ အတွေးအခေါ် အားကောင်းဖို့လိုအပ်
- Kyaw Lwin