သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ပင်လယ်စာတင်သွင်းမှု ကိုရီးယား ယာယီရပ်


ဂျပန်နိုင်ငံကလာတဲ့ ပင်လယ်စာထွက်ကုန် ၃၅ မျိုးကို တောင်ကိုရီးယားနိုင်ငံက ယာယီ ပိတ်ပင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆူနာမီရေလှိုင်းဒဏ်သင့်အပြီး ပေါ်ပေါက်ခဲ့တဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ထိခိုက် ပျက်စီးတာကနေ ရေဒီယို အဆိပ်ဓာတ်သင့်မှာကို စိုးရိမ်ပြီး အခုလို ပိတ်ပင်လိုက်တာပါ။

အခုလိုလုပ်လိုက်တာဟာ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံတည်ရှိတဲ့နား ပင်လယ်ရေပြင်ကနေလာတဲ့ ထွက်ကုန် တွေကြောင့် တောင်ကိုရီးယားနိုင်ငံသားတွေ ဘေးဒုက္ခမရောက်အောင် အကာအကွယ်ပေးဖို့ ယာယီ လုပ်ဆောင်တာဖြစ်တယ် လို့ အစားအစာ၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးဖမ်းလုပ်ငန်းဆိုင်ရာ တောင်ကိုရီးယား ဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာတည်ရှိတဲ့ ဖူကူရှီးမား နျူကလီးယားဓာတ် အားပေး စက်ရုံဟာ ပြီးခဲ့တဲ့မတ်လက လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းဒဏ်ကြောင့် စက်ရုံ တစိတ်တပိုင်း ထိခိုက်ပျက်စီး ပြီး စက်ရုံနားဒေသတဝိုက်မှာ အန္တရာယ်ကြီးလှတဲ့ ရေဒီယိုဓာတ်ရောင်ခြည် သင့်မယ့် အလားအလာ ဖြစ်ခဲ့ရပါတယ်။

ဖူကူရှီးမားဒေသကလာတဲ့ ပင်လယ်စာတွေမှာ ရေဒီယိုအဆိပ်ဓာတ်ပမာဏဟာ တဖြည်းဖြည်းချင်း လျော့ လာနေပေမဲ့လည်း အဲဒီဒေသကလာတဲ့ ပင်လယ်ထွက်ကုန် အတော်များများကို မရောင်းချဖို့ ပိတ်ပင် ကန့်သတ်ထားဆဲရှိပါတယ်။

XS
SM
MD
LG