သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ရုရှ ထောက်ခံမည်


ဆီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာငြိမ်းချမ်းရေး သံတမန်ကြီး Kofi Annan ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို လုံခြုံရေး ကောင်စီက ထပ်ဆင့်အတည်ပြုမယ့် ဆုံးဖြတ်ချက်ကို Russia နိုင်ငံက ထောက်ခံဖို့ ပြင်ဆင်ထားပြီလို့ ပြောဆိုလိုက်ပါ တယ်။

ဒါပေမဲ့ လုံခြုံရေးကောင်စီအနေနဲ့ ရာဇသံပေးတဲ့အနေနဲ့မဟုတ်ဘဲ ကိုဖီအာနန်ရဲ့အဆိုပြုချက်ကို အခြေခံပြီး ပဋိပက္ခ ပြေလည်ရေးအတွက် ဆက်လက် ဆောင်ရွက်ကြဖို့ စဉ်းစားသင့်တယ်လို့ Russia နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

တကယ်လို့ ဆီရီးယားအစိုးရက ကိုဖီအာနန်ရဲ့ အဆိုပြုချက်ကို လက်မခံခဲ့ဘူးဆိုရင် ထပ်ပြီးအရေးယူနိုင်မယ့် အလား အလာနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံရဲ့ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီမှာ ဒီကနေ့မွန်းလွဲပိုင်းမှာ အချေအတင် ဆွေးနွေးကြမှာပါ။ အပစ်အခတ်ရပ်စဲရေးနဲ့ အစိုးရနဲ့ အတိုက်အခံအကြား ဆွေးနွေးကြပါရန် ကိုဖီအာနန်က ဆော်သြ နေတာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ကိစ္စ ဖြစ်နေတာကြောင့် လုံခြုံရေးကောင်စီရဲ့အဆိုပြုချက်ကို တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဗီတိုနဲ့ ၂ ခါ ပယ်ချထာပြီးဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယားရဲ့ အခြေအနေဟာ သည်းခံနိုင်စရာမရှိသလို လက်ခံနိုင်စရာလည်းမရှိဘူးလို့ ပြောဆိုလိုက် ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ Mr. ဘန်ကီမွန်းက ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့တွေနဲ့ ဒီနေ့ တွေ့ဆုံစဉ်မှာ လုံခြုံရေး ကောင်စီ အနေနဲ့ ဆီးရီးယားအရေး ညီညွတ်ကြပါရန် ပန်ကြားလိုက်ပါတယ်။

XS
SM
MD
LG