သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မှာ ဗုံးခွဲသူ အီရန်နိုင်ငံသား ပြင်းထန်စွာဒဏ်ရာရ


ဘန်ကောက်မှာ ဗုံးခွဲသူ အီရန်နိုင်ငံသား ပြင်းထန်စွာဒဏ်ရာရ
ဘန်ကောက်မှာ ဗုံးခွဲသူ အီရန်နိုင်ငံသား ပြင်းထန်စွာဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အီရန်နိုင်ငံသားတယောက်က ဗုံးတလုံးဖောက်ခွဲခဲ့ရာမှာ သူ့ခြေထောက် နှစ်ချောင်းစလုံးပြတ်သွားပြီး၊ တခြားသူ လေးဦး ဒဏ်ရာရသွားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အီရန်နိုင်ငံသားတယောက်က ဗုံးတလုံးဖောက်ခွဲခဲ့ရာမှာ သူ့ခြေထောက် နှစ်ချောင်းစလုံးပြတ်သွားပြီး၊ တခြားသူ လေးဦး ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလူဟာ ဘန်ကောက်မြို့က သူငှားနေတဲ့ အိမ်မှာ ပထမဗုံးတလုံးကို ဖောက်ခွဲခဲ့ပြီး ခဏအကြာမှာ Taxi အငှားယာဉ်ကို ငှားရမ်းခဲ့ရာက ရပ်မပေးလို့ဆိုပြီး နောက်ထပ်ဗုံးတလုံးကို ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ အဲဒီနောက် စာသင်ကျောင်း တကျောင်း အနီး လူစည်ကားရာ လမ်းမပေါ်က ရဲကိုလည်း လက်ပစ်ဗုံးတလုံးနဲ့ ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီ အီရန်နိုင်ငံသားရဲ့ အိမ်ကို ရှာဖွေရာမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထပ်တွေ့ခဲ့ရပြီး၊ ဘာအတွက် ဒီလို ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ သူ့ဆီမှာ အီရန်နိုင်ငံကူးလက်မှတ်စာအုပ်ကိုလည်း တွေ့ရှိခဲ့ရပြီး သူ့နေအိမ်ထဲကနေ တခြား နိုင်ငံခြားသား တယောက် ထွက်ပြေးလွတ်မြောက်သွားတာကိုလည်း ရဲတွေက တွေ့လိုက်ရပါတယ်။ ဘန်ကောက် နိုင်ငံတကာ လေဆိပ်မှာ နောက်ထပ် အီရန်နိုင်ငံသားတယောက်ကို မသင်္ကာလို့ ဖမ်းဆီးလိုက်ပေမဲ့ ဒီ အမှုနဲ့ ဆက်စပ်မှု ရှိမရှိ မသိရသေးပါဘူး။

စင်္ကာပူမှာ ရောက်နေတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး အီဟွတ်ဘရတ်က ဘန်ကောြက်မို့က အခု ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံကို အပြစ်တင်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် အီရန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေက အကြမ်းဖက်မှုတွေကို လုပ်ကိုင်နေကြတယ်လို့ ပြောပြီး ရှုတ်ချ လိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ နဲ့ ဂျော်ဂျီယာနိုင်ငံတွေမှာ အစ္စရေးသံရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး တရက်အကြာမှာ ဘန်ကောက်မှာ ခုလို ဗုံးခွဲခံရတာဖြစ်ပါတယ်။

XS
SM
MD
LG