သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ကို အံတုပြီး အီဂျစ်လွှတ်တော် ကျင်းပ


အီဂျစ်နိုင်ငံမှာ စစ်တပ်နဲ့ တရားရုံးချုပ်တို့ရဲ့ အမိန့်အာဏာကို ဆန့်ကျင်ပြီး အစ္စလာမ်ဝါဒီတွေက လွှတ်တော် ကို ပြန်လည် ခေါ်ယူလိုက်ပါတယ်။ လွှတ်တော်ဟာ ဆက်ပြီး တရားဝင်တယ်လို့ သမ္မတ Mohamed Morsi က အမိန့်ထုတ်ပြန်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ အောက်လွှတ်တော် အစည်းအဝေးကို ဒီကနေ့ အင်္ဂါနေ့မှာ စတင် လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ မသမာမှုတွေ၊ မှားယွင်းမှုတွေ ရှိခဲ့တယ်လို့ အီဂျစ် တရားရုံးချုပ်က အတည်ပြုခဲ့ပြီးတဲ့နောက် နိုင်ငံရဲ့ အမြင့်ဆုံး စစ်ကောင်စီက ပြီးခဲ့တဲ့ လထဲမှာ လွှတ်တော်ကို ဖျက်သိမ်းခဲ့ တာ ဖြစ်ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ပြီး မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက် ဖြစ် တယ် လို့ တနင်္လာနေ့က တရားရုံးက ပြောဆိုခဲ့ပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ Saad el-Katatni ကတော့ ဒီအမိန့်ကို အကောင်အထည်ဖော်ဖို့ နည်းလမ်းတွေ ရှာဖွေဖို့အတွက် လွှတ်တော်အမတ်တွေ တွေ့ဆုံ ဆွေးနွေး ကြတာဖြစ်တယ်လို့ ပြောပါတယ်။

အီဂျစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေ လမ်းချော်မသွားရလေအောင် အီဂျစ်တာဝန်ရှိသူတွေ အတူ တကွ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က အီဂျစ်အစိုးရ တာဝန် ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG