သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကြားဖြတ်ရွေးကောက်ပွဲ Anwar Ibrahim နိုင်


မလေးရှားအတိုက်ခံခေါင်းဆောင် Anwar Ibrahim ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ
မလေးရှားအတိုက်ခံခေါင်းဆောင် Anwar Ibrahim ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ

ဒီကနေ့ကျင်းပတဲ့ မလေးရှား လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ Anwar Ibrahim အပြတ်အသတ် အနိုင်ရသွားတာကြောင့် တချိန်က အကျဉ်းကျခံခဲ့ရတဲ့ သူ့အနေနဲ့ မလေးရှားနိုင်ငံရေး ဦးဆောင်မှု အခန်းဂဏ္ဍမှာ ပြန်လည် ပါဝင်လာနိုင်တော့မှာပါ။

ဒီကနေ့ကျင်းပတဲ့ မလေးရှား လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ Anwar Ibrahim အပြတ်အသတ် အနိုင်ရသွားတာကြောင့် တချိန်က အကျဉ်းကျခံခဲ့ရတဲ့ သူ့အနေနဲ့ မလေးရှားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပြန်လည် ပါဝင်လာနိုင်တော့မှာပါ။

သူဟာ မဲပေးသူ ၇၁ ရာခိုင်နှုန်းရဲ့ထောက်ခံမဲရရှိခဲ့တာပါ။ အခုလို အနိုင်ရရှိတာကြောင့် သူဟာ အသက် ၉၂ နှစ်အရွယ် လက်ရှိဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ရဲ့ရာထူးကို ဆက်ခံရမှာပါ။ ဝန်ကြီးချုပ် မဟာသီယာကတော့ သူဟာ ၂ နှစ်ထက်မနည်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး Anwar ကို တာဝန်လွှဲပေးသွားမယ်ဆိုပြီးကတိပေးထားတာပါ။ နေ့လည်ပိုင်းကတော့ တောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Port Dickson မှာ ထောင်နဲ့ချီတဲ့သူတွေဟာ မဲပေးဖို့ မဲရုံတွေကို သွားခဲ့ကြပြီး Anwar Ibrahim ဟာ အဲဒီလစ်လပ်နေတဲ့နေရာမှာ တခြား ၆ ဦးနဲ့ယှဉ်ပြိုင်ရတာပါ။ ၂ ပတ်ကြာ အပြင်းအထန်မဲဆွယ်စည်းရုံးခဲ့ကြတာဟာ သူ့အတွက်သာမကဘဲ မဟာသီယာနဲ့ တခြား အစိုးရအဖွဲ့ဝင်တွေအတွက်လည်း အရေးပါခဲ့တာပါ။

ရွေးကောက်ပွဲကော်မရှင်ကတော့ မဲဆန္ဒရှင်ပေါင်း ၇ သောင်းခွဲ ကျော်ရဲ့ ၇၀ ရာခိုင်နှုန်းက မဲပေးမယ်လို့ ခန့်မှန်းထားတာပါ။ Anwar Ibrahim က ဟာ အာဏာရ မဟာမိတ်ညွန့်ပေါင်းအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ် Mahathir နဲ့ ၁၉၉၈ ခုနှစ်က အာဏာလွန်ဆွဲပွဲတွေအတွင်း သူ့အပေါ် ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှု၊ အဂတိလိုက်စားမှုတွေနဲ့ စွဲချက်တင်ပြီး ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထောင်က ပြန်လွတ်ပြီး ၂၀၁၅ ခုနှစ်မှာပဲ ဓမ္မတာနဲ့ ဆန့်ကျင်ပြီး လိင်ဆက်ဆံတယ်စွပ်စွဲချက်နဲ့ Anwar Ibrahim ပြန်ဖမ်းဆီးခံရပါတယ်။ သူကတော့ ဒါဟာ သူ့အပေါ် နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်တယ်လို့ ငြင်းဆိုပါတယ်။

သောကြာနေ့က မဲဆွယ်ပွဲအဆုံးမှာတော့ Anwar Ibrahim က သူသာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင် မဟာသီယာနဲ့ ပတ်သတ်သမျှ နောက်ကြောင်း ပြန်လှန်မှာမဟုတ်ပဲ လွှတ်တော်ကို အသွင်သစ်နဲ့ ပြန်လည်ဖွဲ့စည်းဖို့သာ အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ မဟာသီယာကတော့ ၂၀၀၃ ခုနှစ်အထိ ၂၂ နှစ်ကြာ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေပြီး တလောကပဲ ဝန်ကြီးချုပ် ပြန်ဖြစ်လာခဲ့ပါတယ်။

XS
SM
MD
LG