သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ပြည်တွင်းစစ်အဆုံးသတ်ရေး သဘောတူညီချက် ရတော့မည်ဟု တာလီဘန်ပြော


ကာတာနိုင်ငံ ဒိုဟာမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် တာလီဘန်နှင့် အမေရိကန် ကိုယ်စားလှယ်များ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉)
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် တာလီဘန်နှင့် အမေရိကန် ကိုယ်စားလှယ်များ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉)

၁၈ နှစ်ကြာလာပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲတွေ အဆုံးသတ်နိုင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တာလီဘန်သူပုန်တွေနဲ့ အမေရိကန်တို့ကြား ဆွေးနွေးညှိနှိုင်းနေပြီး နောက်ဆုံး သဘောတူညီစာချုပ် တခုရဖို့ တနင်္ဂနွေနေ့မှာ အပြီးသတ်ဆုံးဖြတ်ချက် ချနိုင်လိမ့်မယ်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။

နှစ်ဖက် အကြံပေးတွေဟာ နှစ်နဲ့ချီကြာတဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပြီး အဲဒီထဲက အရေးပါလှတဲ့ ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကာတာနိုင်ငံမှာ စတင်ခဲ့တာပါ။ အမေရိကန်ဘက်က ငြိမ်းချမ်းရေးညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ကို အာဖဂန်မှာမွေးဖွားတဲ့ အမေရိကန်သံ အထူးကိုယ်စားလှယ် Zalmay Khalilzad က ဦးဆောင်နေတာပါ။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ အာဖဂန်က ပြန်လည်ဆုပ်ခွာသွားရေးနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်တွေကို နှစ်ဖက်စလုံးက စာချုပ်မှာ ထပ်မံဖြည့်စွက်ပြီး ပြည့်စုံအောင် လုပ်နေတယ်လို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က VOA ကို ပြောပါတယ်။

အဲဒီထဲမှာ အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်တွေ ဘယ်ဒေသနေ အရင်ဆုံး ဆုတ်ခွာသွားမလဲဆိုတာနဲ့ ဘယ်အချိန်မှာ လုပ်ငန်းစဉ် ပြီးဆုံးမလဲဆိုတဲ့အချက်တွေ ပါဝင်ကြောင်း သူကပြောပါတယ်။ ဆွေးနွေးမှုတွေမှာ သဘောမတူနိုင်ဘဲ တစ်ဆို့နေတဲ့ အကြောင်းအရာတွေ မရှိဘူးလို့လည်း Mujahid ကပြောပါတယ်။

ဒီအတောတွင်း တာလီဘန်ညှိနှိုင်းရေးအဖွဲ့ဝင်တဦးက သူတို့ပိုင် မီဒီယာတခုကနေ စနေနေ့မှာ ဗွီဒီယိုသတင်းစကား ထုတ်ပြန်ရာမှာ အမေရိကန်နဲ့ သူ့မဟာမိတ် နေတိုးအဖွဲ့တို့ နောက်ဆုံးမှာ ဒူးထောက်လာအောင် တာလီဘန်တွေက လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG