သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သားကောင်း ဦးသန့်


မြန်မာကို ကမ္ဘာက သိရေးဆိုတာ လွတ်လပ်စ မြန်မာနိုင်ငံသားတွေရဲ့ မျှော်မှန်းချက်တခု ဖြစ်ခဲ့ဟန်ရှိပါတယ်။ နိုင်ငံရေးအသွေးအရောင် မနှောပဲ မြန်မာနိုင်ငံသားတိုင်း ကြိုးပမ်းသင့်တဲ့ တာဝန်တရပ်တခုအဖြစ် ထိုအချိန်က ယူဆခဲ့ဟန် ရှိပါတယ်။ ဒီမျှော်လင့်ချက်ကို အကောင်းအထည် ဖော်ပေးနိုင်ခဲ့သူတဦးကတော့ ဦးသန့် ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် မှ ၁၉၇၁ ခုနှစ်အထိ ဆယ်နှစ်တိုင်း ကုလသမဂ္ဂရဲ့ တတိယမြောက် အထွေထွေ အတွင်းရေးမှုးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့် ကြောင့် မြန်မာနိုင်ငံကို ကမ္ဘာက သိရှိလာခဲ့ပါတယ်။

စစ်အေးကာလ နိုင်ငံတကာ ပဋိပက္ခများ (ကျူးဘား ဒုံးလက်နက်အရေး အခင်း (၁၉၆၂)၊ ကွန်ဂိုအရေးအခင်း (၁၉၆၃)၊ ဆိုက်ပရပ်စ် ပြည်တွင်းစစ် (၁၉၆၄)၊ အိန္ဒိယ-ပါကစ္စတန် ကက်ရှ်မီးယားအရေးအခင်း (၁၉၆၅)၊ အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲ (၁၉၆၇)၊ ဗီယက်နမ်စစ်) ကို အောင်အောင်မြင်မြင် ဖြေရှင်းပေးနိုင်ခဲ့တဲ့ ဦးသန့်ကို မြန်မာသားကောင်း အပြင် ကမ္ဘာ့သားကောင်း အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ထိုက်ပါတယ်။

ကမ္ဘာကျော် နိုင်ငံပေါင်းများစွာရဲ့ လေးစားမှုကို ရရှိခဲ့တဲ့ ဦးသန့် ရဲ့ နိုင်ငံတကာ ဆက်ဆံရေး နဲ့ နိုင်ငံရေးယုံကြည် ရပ်တည်ချက်၊ ပုဂ္ဂိုလ်ရေး ရင်းနှီးလေးစားမှု၊ ဗိုလ်ချုပ်ကြီးနေဝင်း ရဲ့ ဦးသန့်အပေါ် အမြင်သဘောထား စတဲ့ သိကောင်းစရာများကို ဗွီအိုအေမြန်မာသတင်း ဌာနမှုးဟောင်း ဦးခင်မောင်ဝင်း (ဗွီအိုအေဌာနမှုးဟောင်း ဦးခင်မောင်ဝင်း ဟာ ဦးသန့် ကို ကျောင်းသားလူငယ်ဘဝထဲက ဦးသန့် နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်ပါတယ်။ ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်အဖြစ် အရွေးခံရချိန်မှာ ဦးခင်မောင်ဝင်းလည်း အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပါတယ်။) အား ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG