ပါကစ္စတန်နိုင်ငံမြို့တော်
အစ္စလာမ်မာဘတ်နားက
ပင်မလက်နက်ထုတ်တဲ့ ဝင်းကြီးမှာ ကြာသပတေး
နေ့က
အသေခံဗုံးခွဲသမား ၂ ဦးက ဆက်တိုက်
ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၆၄
ဦး
ထက်မနည်း သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ပါ
တယ်။
ဝါး (Wah) မြို့ကလေးက အစောင့်အကြပ်
ထူထူ
ထဲထဲချထားတဲ့ လက်နက်စက်ရုံဝင်ပေါက် ဂိတ်မ
ကြီးမှာ အသေခံဗုံးခွဲသမားတဦးက
ဗုံးခွဲတိုက်ခိုက်
ခဲ့ပြီး တခြား အသေခံဗုံးခွဲသမားတဦးက စက်ရုံ
ထဲက
လူစည်ကားတဲ့ဈေးမှာ ဖောက်ခွဲခဲ့တယ်လို့
မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွက်
ပါကစ္စတန်နိုင်ငံသား တာလီဘန်တွေက သူတို့တိုက်ခိုက်တာ
လို့ ကြေညာခဲ့ပြီး ဒါဟာ
တိုင်းရင်းသားတွေနေထိုင်ရာ ဘဂျားဒေသမှာ စစ်တပ်က
လေကြောင်းနဲ့ တိုက်ခိုက်မှုတွေအတွက်
လက်စားချေတာလို့ ဆိုပါတယ်။ တကယ်လို့
စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ရပ်မပစ်မချင်း
ဒီလိုတိုက်ခိုက်မှုမျိုးတွေ ထပ်ပြီးလုပ်ဦး
မယ်လို့ တာလီဘန်ပြောခွင့်ရက
သတိပေးလိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန
အကြီးအကဲ ရာမန် မလစ် (Rehman Malik) ကတော့ ဒီလို
သတိပေးကြိမ်းဝါးမှုအတွက် ဂရုမစိုက်ဘဲ
ဘဂျားဒေသကို ပါကစ္စတန်အစိုးရ ပြန်ပြီး
ထိန်းချုပ်နိုင်တဲ့အထိ
ဆက်လက်တိုက်ခိုက်မယ်လို့ ကတိပြုလိုက်ပါတယ်။
ဝန်ကြီးချုပ် ယူဆွတ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ကိုဆက်သွယ်ပြီး
အမေရိကန်တွေအနေနဲ့ ပါကစ္စတန်နိုင်ငံသားတွေနဲ့ တစည်းတလုံးတည်းရှိနေကြောင်း
ပြောကြားခဲ့ပါတယ်။