သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ပွဲကာလအတွင်း တရုတ်ပြည်တွင် အင်တာနက် အသုံးပြုနိုင်ရေး ပြဿနာရှိနေ


တရုတ်နိုင်ငံမှာကျင်းပမယ့် နွေရာသီ
ဘေဂျင်းအိုလံပစ်ပွဲစဖို့ ရက်သတ္တတပတ်
သာ လိုပါတော့တယ်။ အားကစားပွဲကို
သတင်းရယူကြဖို့အတွက် နိုင်ငံခြားသတင်း
ဌာနတွေနဲ့ သတင်းသမားများစွာလည်း
ဘေဂျင်းကို ရောက်နေကြပြီ ဖြစ်ပါတယ်။
ဒါပေမယ့် အိုလံပစ်ပွဲ သတင်းစင်တာတွေ
မှာ အင်တာနက်စာမျက်နှာတချို့ကို
ကြည့်မရအောင် ပိတ်ပင်ထားတာတွေ
ကြောင့် တရုတ်အာဏာပိုင်တွေအပေါ်
နိုင်ငံတကာသတင်းသမားတွေ အတော်
လေး ပြောဆိုဝေဖန်နေကြပါတယ်။

နိုင်ငံခြားသတင်းသမားတွေအနေနဲ့
အင်တာနက်စာမျက်နှာတချို့ကို ကြည့်မရ
အောင် တရုတ်အာဏာပိုင်တွေက ပိတ်ပင်
ထားတဲ့အပေါ် အိုလံပစ်ကျင်းပရေးကော်မတီကြားမှာ နားလည်လို့မရအောင် ဖြစ်မိသ
လို အခုလိုဖြစ်ခဲ့ရတဲ့အတွက်လည်း တောင်းပန်ပါတယ်လို့ အိုလံပစ်ကျင်းပရေး သတင်း
တာဝန်ခံ ကီဗင် ဂေါ့စ်ပါ (Kevan Gosper) က ပြောဆိုခဲ့တဲ့အကြောင်း ဘေဂျင်းမြို့က
ဗွီအိုအေသတင်းထောက် စတက်ဖ်နီ ဟိုး (Stephanie Ho) က သတင်းပေးပို့ထားပါ
တယ်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကျင်းပရေး သတင်းတာဝန်ခံက သူတို့အနေနဲ့ အိုလံပစ်ပွဲ
အတွင်း အင်တာနက်အသုံးပြုမှုတွေအပေါ်မှာ လုံး၀ ထိန်းချုပ်ကန့်သတ်မှာ မဟုတ်ဘူး
လို့လည်း ပြောဆိုလိုက်ပါတယ်။

"အားကစားပွဲတော်ကို သတင်းယူကြမယ့် နိုင်ငံတကာသတင်းမီဒီယာတွေ အံ့သြတကြီး
ကြုံရတဲ့ အခြေအနေပေါ်မှာ ကျနော် စိုးရိမ်တကြီး ဖြစ်ရပါတယ်။ ဒါဟာ ကျနော့်အဖို့
တော့ လက်ခံစရာအကြောင်း မရှိပါဘူး။"

ပြင်သစ်အခြေစိုက် RSF နယ်ခြားမဲ့သတင်းထောက်များအဖွဲ့က အာရှရေးရာတာဝန်ခံ
ဗင်းဆင့် ဘရောစိုးကတော့ တရုတ်အစိုးရဟာ နိုင်ငံအတွင်း လွတ်လပ်ခွင့်တွေအပေါ်
ထိန်းချုပ်ထားတယ်ဆိုတဲ့ ဝေဖန်ထောက်ပြချက်တွေကို အခုပြဿနာက သက်သေ
ပြလိုက်တာလို့ ဆိုပါတယ်။

"ဒီသတင်းဟာ ထူးထူးဆန်းဆန်းလည်း မဟုတ်ပါဘူး၊ ပထမဦးဆုံးသတင်းတခုလည်း
မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တရုတ်အာဏာပိုင်တွေဟာ ဒီမို
ကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေအပြင် သတင်းလွတ်လပ်ခွင့်တွေမှာပါ တင်းတင်း
ကျပ်ကျပ် ကိုင်တွယ်နေတာပါ။ ဘေဂျင်းကော်မတီက သတင်းလွတ်လပ်ခွင့်တွေ
ထိန်းချုပ်ကန့်သတ်မှာမဟုတ်ဘူးလို့ ပြောနေပေမယ့် အခုလို အင်တာနက်တွေ
ထိန်းချုပ်တယ်ဆိုတာ ကြားရတော့ အပြောတခြား၊ အလုပ်တခြားဖြစ်နေတာကတော့
အံ့သြစရာပါဗျာ" လို့ မစ္စတာ ဗင်းဆင့်က ပြောပြသွားပါတယ်။

"လွတ်လပ်ပြီး တန်ဖိုးရှိတဲ့ အိုလံပစ်ပွဲတခုဖြစ်ဖို့အတွက် လူ့အခွင့်အရေး ညီမျှမှုတွေ၊
သတင်းလွတ်လပ်ခွင့်တွေရှိဖို့ လိုအပ်ပါတယ်။ တကယ်တော့ တရုတ်အစိုးရဟာ သူ့ကို
ဝေဖန်နေတဲ့အပေါ် လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းရင်း သက်သေပြသင့်ပါတယ်။
ကျနော်တို့ကလည်း နိုင်ငံတကာကို တရုတ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို သိစေချင်
ပါတယ်" လို့လည်း RSF နယ်ခြားမဲ့သတင်းထောက်များအဖွဲ့က အာရှရေးရာတာဝန်ခံ
ဗင်းဆင့် ဘရောစိုးက ဆက်ပြောပြပါတယ်။

တရုတ်အစိုးရအနေနဲ့ အိုလံပစ်ပွဲ မကျင်းပခင်ကတည်းက လူ့အခွင့်အရေးအဖွဲ့တွေရဲ့
ဝေဖန်ထောက်ပြ ကန့်ကွက်မှုတွေနဲ့အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ
အပေါ်မှာလည်း အတော်လေး ဖြေရှင်းရုန်းကန်ရင်းနဲ့ အိုလံပစ်ပွဲကို အောင်အောင်
မြင်မြင် ကျင်းပနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG