သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့မြန်မာ ၃၀ ကျော်ဖမ်းဆီးခံရ


မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့က တရားမဝင် အထောက်အထားမဲ့ အလုပ်သမားတွေကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဝင်ရောက်စီးနင်းဖမ်းဆီးစဥ်အတွင်း ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ (Photo: Malaysia Immigration FB)
မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့က တရားမဝင် အထောက်အထားမဲ့ အလုပ်သမားတွေကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဝင်ရောက်စီးနင်းဖမ်းဆီးစဥ်အတွင်း ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ (Photo: Malaysia Immigration FB)

မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့ မြန်မာတွေအများစု နေထိုင်နေတဲ့ ဘူကစ်ဘင်တန်ဆိုတဲ့ နေရာက တိုက်ခန်းတခုကို မလေးရှားအာဏာပိုင်တွေက နိုဝင်ဘာလ ၆ ရက်နေ့၊ အင်အား ၅၀ လောက်နဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှာ လူ ၇၀ လောက် ဖမ်းဆီးခံရပြီး ဒီထဲမှာ မြန်မာ ၃၀ ကျော် ပါဝင်တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


မလေးရှားအာဏာပိုင်တွေဟာ နိုဝင်ဘာလ ၆ ရက်နေ့က အင်အား ၅၀ လောက်နဲ့ အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ကွာလမ်လာပူမြို့၊ မြန်မာတွေ အများစုနေထိုင်နေတဲ့ ဘူကစ်ဘင်တန် ဆိုတဲ့နေရာက တိုက်ခန်းတခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှာ တရားမဝင် အထောက်အထားမဲ့ မြန်မာ ၃၀ လောက်အဖမ်းခံရတယ်လို့ မြန်မာအရေးလှုပ်ရှားသူ ဦးစိုးထက်သိမ်းက VOA ကို ပြောပါတယ်။

" မြန်မာ အယောက် ၃၀ လောက်ပါသွားပါတယ် စုစုပေါင်းတော့ ဖမ်းခံရသူ ၇၀ ကျော်လောက် ရှိပါတယ်၊ ဘူကစ်ဘင်တန်ဆိုတော့ မြို့လည်ခေါင်မှာဆိုတော့ အဲဒီနေရာမှာ ယူအန်ကဒ် ကိုင်သူတွေကော အထောက်အထားမဲ့တွေကော ပတ်စပို့ ကိုင်တဲ့သူတွေကော အလွှာစုံ လူစုံ နေထိုင်ကြပါတယ်။ "

(Photo: Malaysia Immigration FB)
(Photo: Malaysia Immigration FB)

စစ်ဆေးခံရသူ ၁၅၀ လောက်ရှိပြီး ဒီထဲကမှ အထောက်အထား မရှိသူ မြန်မာ ၃၀ အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ဦး၊ နီပေါနိုင်ငံသား ၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး၊ ထိုင်းနဲ့ ပါကစ္စတန်မှ တဦးစီ စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်ဆီးခံရသူတွေကိုတော့ မလေးရှား−လ၀က ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်သွားမှာဖြစ်ပြီး ပြစ်ဒဏ်ကျခံပြီးရင်မြန်မာပြည်ကို ပြန်လွှဲပြောင်းလေ့ ရှိတယ်လို့လည်း ပြောပြပါတယ်။

" နီးစပ်ရာ လ၀က အကျဉ်းထောင်တွေပို့ပါတယ်။ ရဲစခန်းပို့မယ် ရဲစခန်းကနေ လ၀က ထိန်းသိမ်းရေးစခန်းကို ပို့တယ်၊ အဲဒီကနေ တရားရုံးတင်တယ် တခါတလေမှာလည်း လ၀က ထိန်းသိမ်းရေးစခန်းထဲက တရားရုံးမှာပဲတရားစီရင်တာ ရှိတယ်။ အဲဒီကနေတဆင့် UNHCR က အာမခံပေးရင် လွှတ်တာမျိုးလည်းရှိတယ်။ များသောအားဖြင့် UNHCR က အာမခံပေးလို့ မရအောင် မလေးရှားအစိုးရက ကန့်သတ်ထားတာတွေရှိတော့ အခုဆိုရင် ထောင်ဒဏ် ၃ လလောက် ကျပြီးရင်တော့ မြန်မာပြည်ကို ပြန်ပို့တာပေါ့နော်။ "

မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာတွေ အများအပြားရှိပြီး ဒီရက်ပိုင်းမှာပဲ မလေးရှားလ၀ကရဲ့ အော်ပရာစီစစ်ဆင်ရေးတွေက ဂျိုဟိုး အီပို့ ပီနန်း စတဲ့နေရာတွေမှာလည်း ဒီအပတ်အတွင်း အဖမ်းအဆီးတွေ ရှိနေတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG