တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလိုငွေပြမှုဟာ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးအဆင့်ရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံရဲ့ မမျှတတဲ့စီးပွားရေးလုပ်ဆောင်မှုတွေကို ဆန့်ကျင်သွားမယ်လို့ သမ္မတက ပြောပါတယ်။
"တရုတ်နိုင်ငံနဲ့ယှဉ်ပြိုင်သွားမယ်ဆိုပေမယ့် ပဋိပက္ခမလိုလားပါဘူး"
အမုန်းတရား၊ ဒေါသ၊ လက်စားချေမှုတွေဆိုတာ အိုဟောင်းတဲ့အယူအဆတွေဖြစ်ပြီး၊ ဒီ လို ရှေးဟောင်းအယူအဆေတွေနဲ့ အမေရိကန်ကို ဦးဆောင်လိုမရဘူးလို့ သမ္မတက ပြောပါတယ်။
ဒီပွဲကို တက်ရောက်လာသူတွေထဲ အောက်လွှတ်တော် ဥက္ကဟောင်း နန်စီပလိုစီနဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဘန်နီဆန်ဒါ တို့လည်း တွေ့ရပါတယ်။ သမ္မတ ဘိုင်ဒန်ကို ထောက်ခံတဲ့ လွှတ်တော်အမတ်တွေက နောက် ၄ နှစ်၊ နောက် ၄ နှစ်ဆိုပြီး ( နောက်တကြိမ် သမ္မတသက်တမ်းကို ရည်ညွှန်းပြီး) သမ္မတမိန့်ခွန်းကို ကြွေးကြော်အားပေးခဲ့ကြပါတယ်။