သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
SOTU 2024 cover
SOTU 2024 cover

သမ္မတ Biden နိုင်ငံတော်အခြေပြမိန့်ခွန်းပြောဆို (တိုက်ရိုက်ထုတ်လွှင့်မှု)

အစိုးရရဲ့ ဆောင်ရွက်ပြီးမြောက်မှုတွေနဲ့ ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို သမ္မတက လွှတ်တော်မှာ အမေရိကန်စံချိန် ကြာသာပတေးနေ့ ည၉နာရီပြောဆိုပါမယ်။ နိုင်ငံရဲ့စီးပွားရေး၊သန္ဓေသားဖျက်ချခွင့်၊ လူဝင်မှုကြီးကြပ်ရေး၊ ယူကရိန်းစစ်၊ ဂါဇာစစ် ကိစ္စရပ်တွေ ပါဝင်မယ်မျှော်လင့်ရပါတယ်။

"ပူတင်က ယူကရိန်းနဲ့တင်ရပ်သွားမလားဆိုတာ မဟုတ်ပါဘူး၊ ယူကရိန်းက ပူတင့်ကို ရပ်ခိုင်းနိုင်ပါလိမ့်မယ်။ ကျနော်တို့ ယူကရိန်းနဲံအတူ ရပ်တည်မယ်ဆိုရင်ပါ။" သမ္မတ ဘိုင်ဒန်

သမ္မတရဲ့ အထူးဧည်သည်အဖြစ် ဆွီဒင် ဝန်ကြီးချုပ် Ulf Kristersson လည်း နိုင်ငံတော်အခြေပြမိန့်ခွန်းပြောဆိုမယ့် အမေရိကန်လွှတ်တော်ကို ရောက်ရှိနေပါတယ်။

သမ္မတ ဘိုင်ဒန်ရဲ့ ယနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းဟာ သမ္မတရဲ့ ပထမသက်တမ်း နောက်ဆုံးပြောဆိုမယ့် နိုင်ငံအတော်အခြေပြမိန့်ခွန်းဖြစ်ပါမယ်။

အမေရိကန်နိုင်ငံရဲ့အခြေအနေအကြောင်း လွှတ်တော်ကို ပြောကြားမယ့် သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို ဒီနေ့ကြာသပတေးနေ့ညမှာ ပြောကြားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ရှိနေချိန်မှာ သမ္မတအနေနဲ့ သူ့အစိုးရလက်ထက် အောင်မြင်မှုတွေကို လွှတ်တော် ၂ ရပ်ရှေ့မှာ မိန့်ခွန်းပြောကြားတဲ့အခါ အဓိကထား ပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။

သိသိသာသာ သဘောထားကွဲနေတဲ့ လွှတ်တော်တွင်း စည်းလုံးမှုရှိစေအောင် Fentanyl ဆေးဝါးတွေကို မူးယစ်ဆေးလို သုံးစွဲနေကြတဲ့ပြဿနာတိုက်ဖျက်ရေး၊ စစ်ပြန် စစ်မှုထမ်းဟောင်းတွေကို ကူညီပံ့ပိုးရေးလို ပြည်တွင်းရေးရာ ဥပဒေကြမ်းတွေကို ပူးပေါင်းအတည်ပြုကြဖို့ ထပ်မံတိုက်တွန်းမယ်လို့ မျှော်လင့်ရပါတယ်။ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အအုံ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါး စရိတ်၊ ကျောင်းသားတွေ ပညာသင်စရိတ်၊ ချေးငွေ၊ သန္ဓေသားဖျက်ချခွင့်နဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး စတဲ့ အကြောင်းအရာတွေကိုလည်း သမ္မတ Biden ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားမယ်လို့ ခန့်မှန်းရပါတယ်။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG