သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဘက်က ရပ်တည်ကာကွယ်မယ်လို့ ဂျာမနီကတိပြု 


ယူကရိန်းသမ္မတ Volodymyr Zelensky (ဝဲ) နဲ့လက်ဆွဲနှုတ်ဆက်နေတဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz (ယာ)
ယူကရိန်းသမ္မတ Volodymyr Zelensky (ဝဲ) နဲ့လက်ဆွဲနှုတ်ဆက်နေတဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz (ယာ)

ယူကရိန်းရဲ့ လွတ်လပ်ရေးနဲ့ နယ်မြေပိုင်စိုးရေးကာကွယ်ဖို့ လိုအပ်နေသမျှ ယူကရိန်းကို ဥရောပသမဂ္ဂက ဆက်လက် ပံ့ပိုးထောက်ခံမယ်လို့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က ဒီနေ့ သောကြာနေ့မှာ ပြောလိုက်ပါတယ်။

“စစ်ဖြစ်တာ နှစ်ပတ်လည်မတိုင်မီလေးမှာ ဒီထိပ်သီးအစည်းအဝေးက ထူးခြားပါတယ်။ ယူကရိန်းရဲ့ ခုခံရေး စိတ်ဓာတ်သင်္ကေတ ဖြစ်သလို၊ ဥရောပသမဂ္ဂနဲ့ ယူကရိန်းတို့ အတူရပ်တည်ကြတာကို အားကောင်းကောင်းနဲ့ ပြသချက်လည်း ဖြစ်ပါတယ်။ လိုအပ်နေသမျှ ယူကရိန်းကို ထောက်ခံပံ့ပိုးသွားမယ်ဆိုတာကို ယူကရိန်းက လူတိုင်း အားထားလို့ ရပါတယ်။” လို့ ဂျာမန်ဝန်ကြီးချုပ်က ပြောသွားတာပါ။

ဂျာမနီအနေနဲ့ ယူကရိန်းလိုနေသမျှ ရပ်တည်ကူညီသွားမယ်လို့လည်း ဝန်ကြီးချုပ် Scholz ကပြောပါတယ်။ ကြာသပတေး၊ သောကြာ ၂ ရက်ကျင်းပခဲ့တဲ့ EU ဥရောပသမဂ္ဂ ထိပ်သီးညီလာခံအတွင်း မဟာမိတ်နိုင်ငံတွေအနေနဲ့ လက်နက်တွေ၊ တိုက်လေယာဉ်တွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ EU ခေါင်းဆောင်တွေကလည်း ယူကရိန်းကို တတ်နိုင်သမျှ အကူအညီပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။ ယူကရိန်း အီးယူ အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးဖို့ အချိန်ဇယားကိုတော့ အီးယူက တိတိကျကျ မပြောပါဘူး။ ယူကရိန်း စစ်ပွဲအတွက် လက်နက်ထုတ်လုပ်ရေး တိုးမြှင့်ဖို့ ကိစ္စကိုတော့ လာမယ့်လ မှာ သုံးသပ်ဖို့တော့ အီးယူ ခေါင်းဆောင်တွေ ကတိပေးပြုခဲ့ကြပါတယ်။ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်တိုက်တာ ၁ နှစ်ပြည့်ခါနီးမှာ ယူကရိန်း သမ္မတ Zelenskyy ဟာ လန်ဒန်၊ ပဲရစ်နဲ့ ဘရပ်ဆဲလ် မြို့တွေကို ဒီရက်ပိုင်း သွားရောက်ခဲ့ပြီး တိုက်လေယာဉ်တွေ အပါအဝင်လက်နက်တွေ ပိုမိုပို့ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒီနေ့အစောပိုင်းကတော့ Belgium ဘုရင် Philippe I (ပထမမြောက် ဖိလစ်ပါ) နဲ့ တေ့ွဆုံခဲ့ပါတယ်။ ယူကရိန်းမှာတော့ ယူကရိန်း မြို့တွေ နဲ့ အရေးကြီး အခြေခံ အဆောက်အအုံတွေအပေါ် ရုရှား က ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ဒီနေ့အစောပိုင်း တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ အီရန်လုပ် ဒရုန်း ၇ စင်း ကို Azov ပင်လယ်က ပစ်လွှတ်ခဲ့တာဖြစ်ပြီး Kalibr ခရုဇ်ဒုံးကျည် ၆ စင်းကိုတော့ ပင်လယ်နက်က ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]





XS
SM
MD
LG