သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေကာကွယ်ပေးဖို့ ထိုင်းကို Fortify Rights တောင်းဆို 


၂၀၂၀ခုနှစ်ကရခိုင်ပြည်နယ်တွင်း ရခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်ကြားတိုက်ပွဲတွေကြောင့် စစ်တွေမြို့မှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ (ဇွန် ၂၉ ၊ ၂၀၂၀)
၂၀၂၀ခုနှစ်ကရခိုင်ပြည်နယ်တွင်း ရခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်ကြားတိုက်ပွဲတွေကြောင့် စစ်တွေမြို့မှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ (ဇွန် ၂၉ ၊ ၂၀၂၀)

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အတင်းအကြပ်ပြန်လွှတ်တာတွေ ရပ်တန့်ပြီး ဒုက္ခသည်အခွင့်အရေးကို ကာကွယ်ပေးသင့်တယ်လို့ Fortify Rights နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။ ကလေးတွေအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်ကို အတင်းအကြပ်ပြန်လွှတ်နေတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ဒီနေ့ထုတ်လွှင့်တဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ အဲဒီလို တောင်းဆိုထားတာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အတော်များများကို လက်မခံဘဲ အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံဘက်ကို အတင်းအကြပ် ပြန်ပို့ခဲ့တယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ ကရင်တိုင်းရင်းသူ ဆရာမ ၃ ယောက်က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် ထိုင်းနိုင်ငံမှာ ခိုလှုံခဲ့ရပုံနဲ့ ထိုင်းအာဏာပိုင်တွေက သူတို့ ၃ ယောက် နဲ့ ကလေး ၂ ယောက်ကို ထပ်ခါတလဲလဲ ဘယ်လိုပြန်လွှတ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ Fortify Rights အဖွဲ့ဟာ မြန်မာနိုင်ငံက အဲဒီ ဆရာမ ၃ ဦးအပါအဝင် ဒုက္ခသည် ၁၃ ယောက်နဲ့ တွေ့ဆုံမေးမြန်း မှတ်တမ်းယူခဲ့ပြီး၊ ဒီအခြေအနေက ၂၀၂၂ ခုနှစ်အတွင်း တွေ့ရှိခဲ့တဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေနဲ့ ကိုက်ညီနေတယ်လို့ ပြောပါတယ်။

အဲဒီလို ဒုက္ခသည်တွေကို အတင်းအကြပ်ပြန်လွှတ်တာတွေ၊ ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး Fortify Rights အဖွဲ့က ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRCT) ကို အကြောင်းကြားထားတဲ့အတွက် ထိုင်းအစိုးရဘက်က ဒုက္ခသည်တွေအပေါ် ဆက်ဆံပုံတွေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ဘက်က သူတို့ကို တုံ့ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ဖြစ်နေတယ်ဆိုတာကို သိနေပေမယ့်လည်း၊ ထိုင်းစစ်တပ်ဟာ ဒုက္ခသည်တွေကို ထိခိုက်စေမယ့်လမ်းတွေကို ဆက်လက် တွန်းပို့နေပြီး၊ ထိုင်းအစိုးရဟာ ကလေးတွေအပါအဝင် ဒုက္ခသည်တွေရဲ့ ဘဝတွေကို အန္တရာယ် ဖြစ်အောင် ပြုလုပ်ေနေကြောင်း၊ ဒုက္ခသည်တွေအပေါ် ထိုင်းအစိုးရရဲ့ ပြုမူဆောင်ရွက်ပုံတွေနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုက လိုအပ်တဲ့ အပြောင်းအလဲတွေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင့် Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Amy Smith က ပြောထားပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကို ထိုင်းဘာသာစကားနဲ့လည်း ထုတ်လွှင့်ခဲ့ပြီး ဒါကိုတော့ ထိုင်းမီဒီယာရုပ်သံလိုင်းတခုဖြစ်တဲ့ Voice TV က မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ၂ နှစ်ပြည့်အဖြစ်နဲ့ မနေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။

[Unicode]








XS
SM
MD
LG