သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အချိန်သတ်မှတ်ဖြေရှင်းဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဆိုပြု


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah

[[Zawgyi/Unicode]]

မြန်မာ့ ပြဿနာကို ဖြေရှင်းရာမှာ အချိန် သတ်မှတ်ချက်နဲ့ ပါဝင်ပတ်သက်သူ စာရင်းကို အာဆီယန် အနေနဲ့ ချမှတ်ဖို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက စနေနေ့ ဇွန် ၁၁ ရက်နေ့က အကြံပေးလိုက်ပါတယ်။

“ဘယ်အချိန် ဘယ်အတိုင်းအတာအထိ လုပ်ငန်းပြီးမြောက် အောင်မြင်အောင်လုပ်ဆောင်မယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်၊ ဘယ်သူတွေက ပါဝင်သင့်တယ် ဆိုတာတွေကို အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ထဲမှာ ထည်သွင်း ဖော်ပြထားတာ မရှိဘူး” လို့ စင်္ကာပူ နိုင်ငံ မှာ ကျင်းပနေတဲ့ အာရှ ကာကွယ်ရေးဆိုင်ရာညီလာခံမှာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ပါဝင်ပတ်သက်သူ စာရင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NUG ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့ ပါဝင်ရပါမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှု စာမျက်နှာမှာ ရေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယန် အထူးသံတမန်ရဲ့ အခန်းကဏ္ဍကို ပိုပြီး ခိုင်မာအောင်လုပ်ဖို့လည်း ဇွန်လ ၁၆ - ၁၇ ရက်၊ အိန္ဒိယ နိုင်ငံ ဒေလီမြို့မှာ ကျင်းပမယ့် အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အကြံပြုမယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အာဏာသိမ်းပြီး ဖြစ်ပေါ်လာခဲ့တဲ့ ပဋိပက္ခကြောင့် ပြည်တွင်းမှာ စစ်ရှောင် နေရပ်စွန့်ခွါသူ တစ်သန်းကျော် ရှိနေပါတယ်။ နှစ်ဘက်လုံးရဲ့ အနေအထားက တင်းမာကြပြီး၊ စကားပြောဖို့ ဒါမှမဟုတ် အကျပ်အတည်း အဖြေရှာဖို့ စိတ်ဆန္ဒ မရှိကြဘူးလို့ အစည်းအဝေးမှာ ဦးဆောင်တင်ပြသူ တစ်ဦးဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer က ပြောပါတယ်။ ဒါပေမဲ့ ပြဿနာတွေကို ကိုင်တွယ်နိုင်ဖို့ ပိုမို ပါဝင် နှီးနှောနိုင်တဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို တချို့ ဒေသခံခေါင်းဆောင်တွေ က လိုလားကြပါတယ်လို့လည်း သူက ဆိုပါတယ်။

[[Unicode]]






ဆက်စပ်သတင်းများ ...

XS
SM
MD
LG