သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေယာဉ်တင် သင်္ဘောကြီး ကိုရီးယားမှာ သွားရောက် အင်အားပြ


US Military F35 Crash
US Military F35 Crash

[Zawgyi/Unicode]

ကန်လေယာဉ်တင် သင်္ဘောကြီး ကိုရီးယားမှာ သွားရောက် အင်အားပြ

အမေရိကန် လေယာဉ်တင် သဘောၤကြီး တစင်းဟာ ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ်နဲ့ တောင်ကိုရီးယား ကမ်းရိုးတန်း အနီးကို ရောက်ရှိနေပါပြီ။ မြောက်ကိုရီးယားဘက်က မကြာသေးခင်က တာဝေးပစ် ဒုံးကျည် စမ်းသပ်ပြီးနောက်ပိုင်း အမေရိကန်ရဲ့ စစ်အင်အား တောင့်တင်းမှုကို ပြသမှုလည်း ဖြစ်ပါတယ်။ USS Abraham Lincoln လေယာဉ်တင် သဘောၤကြီးနဲ့ တိုက်ခိုက်ရေး အုပ်စုဟာ တောင်ကိုရီးယား နိုင်ငံ အရှေ့တောင်ပိုင်းမြို့ Ulsan ရဲ့ အရှေ့ပိုင်းကို ဆိုက်ရောက်နေတာ ဖြစ်ပြီး ၃ ရက်ကနေ ၅ ရက်လောက်ထိ နေမယ့်ပုံ ရကြောင်း တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။ ဒေသတွင်းက မဟာမိတ်တွေ၊ မိတ်ဖက်တွေကို ထပ်လောင်း အာမခံတဲ့ အနေနဲ့ အမေရိကန် လေယာဉ်တင် သဘောၤကြီးနဲ့ တိုက်ခိုက်ရေး အုပ်စုဟာ ဂျပန် ပင်လယ်လို့ ခေါ်တဲ့ အရှေ့ပင်လယ်တွင်းမှာလည်း ဂျပန် တပ်ဖွဲ့တွေနဲ့ စစ်ရေး လေ့ကျင့်မယ့် အကြောင်း အမည်မဖော်တဲ့ အမေရိကန် တာဝန်ရှိသူ တဦးကို ကိုးကားပြီး ရိုက်တာ သတင်းအေဂျင်စီကလည်း ဖော်ပြပါတယ်။ တောင်ကိုရီးယား အနီးက နိုင်ငံတကာ ရေပိုင်နက် အတွင်းမှာ အမေရိကန် လေယာဉ်တင် သဘောၤကြီး ရောက်ရှိနေတာကို သိရှိကြောင်း၊ ဒါပေမယ့် အမေရိကန် စစ်တပ်ပိုင် ကိစ္စကို မှတ်ချက်ပေး ပြောဆိုဖို့ မသင့်တော်ဘူးလို့ တောင်ကိုရီးယား စစ်တပ် ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တင်းမာနေချိန် ၂၀၁၇ ခုနှစ် နှောင်းပိုင်း ကတည်းက အမေရိကန်ဘက်က လေယာဉ်တင် သဘောၤကို ကိုရီးယား ကမ်းလွန်ကို ခုတ်မောင်းခဲ့တာ မရှိပါဘူး။ အမေရိကန်နဲ့ မြောက်ကိုရီးယား အစိုးရကြားမှာတော့ အခုအချိန်ဟာ နောက်ထပ် ပဋိပက္ခ ကာလ တခုကို ဦးတည်နေတဲ့ အနေအထား ရှိနေပါတယ်။ ပြီးခဲ့ဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာဘဲ မြောက်ကိုရီးယားဘက်က ဒုံးကျည် စမ်းသပ်မှုတွေ စံချိန်တင် များပြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအတွင်းမှာတော့ တိုက်ချင်းပစ် ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး ဒါဟာဆိုရင် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

####

[Unicode]



XS
SM
MD
LG