သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက ဖမ်းဆီးခံသတင်းသမားတွေ ပြန်လွှတ်ဖို့အမေရိကန်ထပ်မံတောင်းဆို


US State Department spokesman Ned Price speaks during a press briefing at the State Department in Washington, DC, on February 9, 2021. (Photo by OLIVIER DOULIERY / POOL / AFP)
US State Department spokesman Ned Price speaks during a press briefing at the State Department in Washington, DC, on February 9, 2021. (Photo by OLIVIER DOULIERY / POOL / AFP)

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် နဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်က ထပ်မံတောင်းဆို လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ သတင်းသမားတဦးအဖြစ် အလုပ်လုပ်နေတဲ့ Danny Fenster ကို ဆက်လက်ဖမ်းဆီးထားတဲ့အပေါ် အမေရိကန် အလွန်အမင်း စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ချက်ခြင်းပြန်လွှတ်ဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုပါတယ်။အန္တရာယ်ကင်းကင်း မိသားစုရှိရာ အိမ်ပြန်နိုင်တဲ့အထိလည်း ဆက်လက် တောင်းဆိုသွားမှာပါ။ သူဟာ သတင်းထောက် တယောက်ပါ။ သတင်းသမား အလုပ်ဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့ ဝါရှင်တန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေ ဖမ်းဆီးခံရ၊ မီဒီယာလုပ်ငန်းတွေ လိုင်စင်သိမ်းခံရ၊ ဖမ်းဆီးခံရမှာ စိုးရိမ်တာတွေကြောင့် တိမ်းရှောင်နေသူတွေလည်း ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲ ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရသူတချို့ ရှိသလို၊ ပြန်လွှတ်ပေးခဲ့သူတွေလည်း ရှိခဲ့ပေမဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် သတင်းသမား အများအပြားကို ဆက်လက် ဖမ်းဆီးထားတဲ့အတွက် အမေရိကန်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေအပေါ် အလေးအနက် စိုးရိမ်ကြောင်း ပြောခဲ့တာပါ။ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ အတူလက်တွဲပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မတရား ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ ဆက်လက် ဖိအားပေးသွားမှာ ဖြစ်ကြောင်းလည်း အာရှခရီးစဉ် တစိတ်တပိုင်းအဖြစ် ဘန်ကောက်မြို့ကနေ တယ်လီဖုန်းက သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ သံအမတ်ကြီးက ပြောဆိုသွားပါတယ်။

--------------------------------------------------------






XS
SM
MD
LG