(zawgyi/unicode)
+++++
သြဂုတ်လ ၁၅၊ ၂၀၂၀။ လာမယ့်ရှေ့သီတင်းပတ်ထဲမှာတော့ အချိန်အတော်ကြာရပ်ဆိုင်းခဲ့ရတဲ့ ၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ ပြန်လည်စတင်ပါတော့မယ်။ စတုတ္တအကြိမ်ကျင်းပမယ့် ပင်လုံညီလာခံဟာ NLD အစိုးရရဲ့ လက်ရှိသက်တမ်းမှာ နောက်ဆုံးကျင်းပမယ့် ညီလာခံလည်းဖြစ်ပါတယ်။ ဒီညီလာခံကနေ ဘာတွေ မျှော်လင့်နိုင်မလဲဆိုတာနဲ့ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း စနေ့ စကားဝိုင်းမှာ ဆွေးနွေးထားကြပါတယ်။ မြန်မာ့အရေးလေ့လာသူ ဦးမောင်မောင်စိုးနဲ့ ပြည်ထောင်စုအင်စတီကျုက သုတေသီ စိုင်းထွန်းအောင်လွင်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။ ကျနော်သားညွန့်ဦးပါ။
အသံနားဆင်ရန်/ အသံနားဆငျရနျ