(Zawgyi/Unicode)
လူ နှစ်ရာဝန်းကျင်သေဆုံးခဲ့ရတဲ့ ဖားကန့်မြေပြိုမှုဖြစ်စဉ်မှာ ဘယ်သူတာဝန်ရှိလဲ၊ နောက်ခံ ဘယ်လိုအကြောင်းတရားတွေရှိလဲ ဆိုတာနဲ့ ရေမဆေးကျောက်လုပ်သားတွေရဲ့ဘ၀ ဘေးကင်းလုံခြုံရေး ဘယ်လို ပြင်ဆင်နိုင်မလဲဆိုတာတွေကို စနေည ဆွေးနွေးခန်းမှာ တင်ဆက်ထားပါတယ်။ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်နဲ့ ဖားကန့်အခြေစိုက် သတင်းသမား ကိုဇော်မိုးထက်တို့နဲ့ ဆွေးနွေးထားတာပါ။
COVID-19 အရေးပေါ်အခြေအနေကြောင့် ပုံမှန်တင်ဆက်နေကြ တိုက်ရိုက်လေလှိုင်းအစီအစဉ်နေရာမှာ စနေ့ညဆွေးနွေးဝိုင်းအဖြစ် တင်ဆက်ထားပါတယ်။
+ + +