အောက်တိုဘာ ၁၀၊ ၂၀၁၉။ ကာလုံ လို့ ခေါ်ကြတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အခန်းကဏ္ဍကို ချဲ့ထွင်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက်တွေ လွှတ်တော်မှာရှိနေသလို၊ လက်ရှိအစိုးရလက်ထက် ကာလုံ မခေါ်နိုင်ခဲ့တဲ့အပေါ် တပ်မတော်ဖက်ကလည်း ဝေဖန်ပြောဆိုမှုအချို့ ရှိနေပါတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနဲ့ပတ်သက်လို့ လက်ရှိ NLD အစိုးရ သဘောထားနဲ့ ၊ ဒီ ကောင်စီအစည်းအဝေး ခေါ်ယူမှု လိုအပ်ချက်ရှိမရှိ ဆိုတဲ့ကိစ္စကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။
ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး လက်ရှိ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ လွှတ်တော်အမတ်လည်းဖြစ်သူ ဦးမောင်မြင့်နဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့ ပင်တိုင်ဆွေးနွေးထားပါတယ်။