ဇူလှိုင် ၃၁၊ ၂၀၁၉။ ဘင်္ဂလားဒေ့ရ်ှမှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ နေရပ်ပြန်ရေးအစီအစဉ်အတွက် မြန်မာနိုင်ငံခြားရေးဌာန ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ရော ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတကာဖိအားကြုံနေရတဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဒုက္ခသည်တွေနေရပ်ပြန်ရေး လုပ်ငန်းစဉ်တွေမစနိုင်သေးတာကြောင့်လည်း နှစ်နိုင်ငံအကြားမှာ အပြန်အလှန်အပြစ်တင်မှုတွေရှိခဲ့ပါတယ်။
အခုဆိုရင် AA ရခိုင်အဖွဲ့ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့်လည်း ဒေသတွင်း တည်ငြိမ်မှု အတော်လေး ပျက်စီးနေတယ်လို့ဆိုရမှာပါ။ ဒီလိုအခြေအနေမှာ မြန်မာအစိုးရဖက်က ဒုက္ခသည်တွေနေရပ်ပြန်ရေး ကြိုးပမ်းမှု တကယ်ပဲ လက်တွေ့လုပ်နိုင်ပါ့မလား၊ နိုင်ငံတကာဖိအားကို မလွန်နိုင်လို့ပဲ လုပ်ငန်း လုပ်ပြရသလိုဖြစ်နေလား၊ အခြား အဖြေရှာနိုင်မယ့် နည်းလမ်းရှိပါသလား.. အခုလာမယ့် အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာနိုင်အောင်နဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။