မေလ ၂၈၊ ၂၀၁၉။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်ဖို့ ရည်မှန်းထားတဲ့ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့မတိုးသာပဲ၊ ရှိပြီးသားပြဿနာတွေကို မရှင်းနိုင်သေးရုံမက ပဋိပက္ခသစ်အချို့ပါ တိုးလာပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းးစဉ်တွေ ရှေ့တိုးနိုင်ဖို့ ဘာတွေများ အခက်အခဲကြုံနေရသလဲဆိုတာ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ ANC ရခိုင်အမျိုးသားကောင်စီရဲ့ အထွေထွေအတွင်းရေးမှုးဖြစ်သူ ဦးထွန်းဇော်က ပင်တိုင်ဆွေးနွေး ဖြေကြားထားပါတယ်။