ဧပြီ ၉ ရက်၊ ၂၀၁၉။ ပြောင်းလဲရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ လူထုရဲ့ တခဲနက် ရွေးကောက်ခံခဲ့ရတဲ့ NLD အစိုးရ အာဏာယူလာခဲ့တာ အခု ဧပြီလမှာဆိုရင် သုံးနှစ်တင်းတင်းပြည့်ပါပြီ။ သုံးနှစ်တာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ အင်္ဂါနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ထားပါတယ်။
NLD ဗဟိုသုတေသနဌာန တာဝန်ရှိသူ ဦးမျိုးရန်နောင်သိန်းနဲ့၊ နိုင်ငံရေးအကဲဖြတ် ဒေါက်တာတင့်ဆွေတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။