ဖေဖော်ဝါရီလ ၂၆၊ ၂၀၁၉။ မြန်မာနိုင်ငံရဲ့ လက်ရှိဒီမိုကရေစီအကူးအပြောင်းကာလမှာ ခိုင်မာအားကောင်းတဲ့ Institution ဆိုရင် တပ်မတော်တခုတည်းသာရှိတယ်လို့ စစ်ဖက်သတင်းစာရှင်းလင်းပွဲမှာ စစ်ဖက်တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း တည်ငြိမ်တဲ့အကူးအပြောင်းဖြစ်ဖို့ဆိုရင် စစ်တပ်ရဲ့ပါဝင်မှုရှိမှ ရမယ်လို့ ဆိုနေပါတယ်။
ဒါပေမယ့်လည်း ဒီမိုကရေစီရဲ့အသက် လွှတ်တော်အတွင်း ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်ကိုယ်စားလှယ်တွေပါဝင်နေတဲ့အပေါ်မှာ မကြေလည်မှုတွေ ပြင်ဆင်လိုမှုတွေရှိပါတယ်။ ဒါကြောင့် အင်္ဂါနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ အကူးအပြောင်းကာလ စစ်ဖက်အခန်းကဏ္ဍကို သုံးသပ်ဆွေးနွေးထားပါတယ်။ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့၊ နိုင်ငံရေးသုံးသပ်သူ စာရေးဆရာကိုသီဟသွေးတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။