သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးကော်မတီ အလုပ်ဖြစ် မဖြစ် (တိုက်ရိုက်လေလှိုင်း)


မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်

ဖေဖော်ဝါရီလ ၁၉၊ ၂၀၁၉။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကတိကဝတ်နဲ့ ရွေးကောက်ပွဲအနိုင်ရလာခဲ့သလို၊ လက်ရှိမှာတော့ ဖွဲ့စည်းပုံပြင်ရေးခြေလှမ်းကို လွှတ်တော်ထဲ စတင် လှမ်းလိုက်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေးအတွက် အခြားပါတီတွေပါတဲ့ ပူးတွဲကော်မတီဖွဲ့စည်းလိုက်ပေမယ့်၊ ဒါဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ အတိုက်အခံ ကြံခိုင်ရေးပါတီနဲ့ တပ်မတော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေပါတယ်။ ဒါပေမယ်လို့ ဖွဲ့စည်းပုံပြင်ရေး သူတို့မှာလည်း သဘောထားရှိတယ်လို့တော့ အတိုက်အခံတွေဖက်က ပြောပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံပြင်ရေးပူးတွဲကော်မတီဟာ ဘယ်လောက် အလုပ်ဖြစ်မလဲ၊ ဘယ်လောက် မျှော်လင့်လို့ရမလဲဆိုတာတွေ အခု အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာဆွေးနွေးထားပါတယ်။ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးနဲ့ ယနေ့ခေတ်နိုင်ငံရေးမဂ္ဂဇင်း အယ်ဒီတာချုပ်ကိုသက်ဇင်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG