အောက်တိုဘာ ၁ ၊ ၂၀၁၈။ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေအတွင်း ၂၀၁၁ ခုနှစ်ကစလို့ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တယ်ဆိုတဲ့ သက်သေအထောက်ထား စုစည်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ခဲ့ပါပြီ။ ဒီအဖွဲ့ ရဲ့ အတိမ်အနက်က ဘယ်လိုသဘောဆောင်သလဲ၊ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ အခု ခြေလှမ်းဟာ မြန်မာ့အရေးကိုင်တွယ်မှုမှာ ဘယ်လောက် ထိရောက်ဖွယ်ရှိလဲ၊ အင်္ဂါနေ့ ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
မြန်မာ့လူ့အခွင့်အရေးဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ မခင်ဥမ္မာနဲ့ သတင်းစာဆရာ ကိုစိန်ဝင်းတို့က ပင်တိုင် ဆွေးနွေးပေးထားပါတယ်။