ဥရောပရောက် ကချင်အဖွဲ့အစည်းတွေအနေနဲ့ ဂျာမနီနိုင်ငံမှာ ဇူလိုင်လ ၂၇ရက်နေ့ကနေ ဇူလိုင်လ ၂၉ရက်နေ့အထိ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ အရေးကို နိုင်ငံတကာနိုးကြားမှု ရရှိစေရေး ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ် ။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဂျာမနီအခြေစိုက် ကချင်တိုင်းရင်းသား လူမှုအဖွဲ့အစည်း အတွင်းရေးမှူး မရမ်ဇော်အောင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းတဲ့အခါ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကို သူက အခုလို စပြောပြပါတယ်။
ဖြေ။ ။ ဒီရည်ရွယ်ချက်က ဘာလဲဆိုတော့ ခေါင်းစဉ်တွေကတော့ Politic, Religion and Culture ပေါ့ ဒီသုံးခုရဲ့ အောက်မှာမှ ပါဝင်ဆွေးနွေးကြပြီးတော့ ဒီအမေရိကက WKC (World Kachin Conference) ကနေ ပြီးတော့ ဘယ်လို နက်ဝပ် ဘယ်လိုချိတ်ဆက် ကြမယ်ဆိုပြီးတော့ ကိုလဆိုင်း ကနေပြီးတော့ ကျနော်တို့နဲ့အတူ လာရောက်ပူးပေါင်း ပြီးတော့ ဆွေးနွေးပါဝင်တာပေါ့။
မေး။ ။ ဥရောပရောက် ကချင်တိုင်းရင်းသားမိသားစုတွေအနေနဲ့က အခုလက်ရှိ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကချင်စစ်ပွဲတွေ လျော့ကျသွားရေးနဲ့ IDP လို့ခေါ်တဲ့ ကချင်စစ်ရှောင်ဒုက္ခသည်တွေ သူတို့ရဲ့နေရပ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်ခွင့် ရဖို့အတွက်ကို ဘာတွေ လုပ်ဆောင်သွားဖို့ အစီအစဉ်တွေများ ရှိပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ ဒီအချက်တွေကတော့ အဓိကကတော့ ဥရောပမှာ ရှိတဲ့သူတွေပေါ့နော် ကျနော်တို့အနေနဲ့ နိုင်ငံအလိုက်ပေါ့နော် ဒီစစ်ရှောင်တွေကို ကျနော်တို့က တတ်နိုင်သလောက် ထောင့်စုံကနေ ကူညီထောက်ပံ့တဲ့ အခန်းကဏ္ဍက ရှိတယ်။ ဒါပေမဲ့ ဒီ့ထက်ပိုပြီးတော့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင်နဲ့ နောက် IDP ကမ့်တွေကို မကူညီနိုင်တဲ့ အခြေအနေမှာ ကျနော်တို့ ကူညီတဲ့အဖွဲ့တွေ သွားရင် ပေးမသွားတာတို့ ဒါမျိုး အခြေအနေတွေကို အဓိက လှုပ်ရှားနေတာကတော့ အမေရိကတို့ ဂျပန်တို့က အရမ်း လှုပ်ရှားတယ်။ ဒါကို ကျနော်တို့က Europe တခုတည်းက အသံထွက်ပြီးတော့ ဘယ်လိုထောင့်ကနေ ဒီကအစိုးရကနေ ဘယ်လိုလုပ်ဆောင်ကြမလဲ အခန်းကဏ္ဍကို အဓိက ထားပြီးတော့ ကျနော်တို့ ဆွေးနွေးကြတာပေါ့။
မေး။ ။ ကိုမရမ်ဇော်အောင်ကလည်း ဂျာမနီမှာဆိုတော့ ဂျာမနီအစိုးရက ဒီကချင်စစ်ပွဲတွေနဲ့ ပတ်သက်လို့ သူတို့မှာ သဘောထား တခုရှိလား၊ ဘယ်လို သိထားတာရှိလဲ။
ဖြေ။ ။ ကျနော်တို့သိထားသလောက်ကတော့ ဂျာမနီအစိုးရကတော့ IDP ကမ့်အပေါ်မှာ ကူညီထောက်ပံ့တဲ့ဟာက အများကြီး ရှိပါတယ်။ ကူညီတယ်ဆိုပေမယ့် သူတို့က အစိုးရကို တိုက်ရိုက် မကူညီဘူး။ တခြားတဘက်နဲ့ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ကူညီတဲ့ အနေအထားက အများကြီးရှိပါတယ်။ ဘာကြောင့် ကျနော်က ဘာဖြစ်လို့ ဒီလိုပြောနိုင်သလဲဆိုတော့ အဲ့ဘက်က ဘာသာရေးခေါင်းဆောင်တွေ ဒီဘက်ကို ခနခန ရောက်လာတယ်။ ရောက်လာတဲ့အခါ ကျနော်တို့လည်း လိုက်ပို့ရတဲ့ အခြေအနေတွေရှိပါတယ်။ ဒါပေမဲ့ အတွင်းကျကျ ဘယ်လိုကူညီကြတယ်ဆိုတာကိုတော့ ကျနော်လည်း ပြောမယ်ဆိုရင် အသေးစိတ်တော့ မမေးဘူးလေ ဒါပေမဲ့ အဲ့ကို ရောက်လာတဲ့ သူတွေက ဒီက အစိုးရကသူတွေနဲ့ တွေ့တဲ့အချိန်ပေါ့။
မေး။ ။ စစ်ဘေးရှောင်ဒုက္ခသည်တွေ နောက်ထပ် မထွက်လာအောင် အဓိက ပြသနာတွေကို ဘယ်လိုဖြေရှင်း ကိုင်တွယ်မှ ပြေလည်မယ်လို့ တွေးထင် မိတာရှိလဲ။
ဖြေ။ ။ ဥရောပရောက်ကချင်တိုင်းရင်းသားတွေဘက်ကတော့ ဒီစစ်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာပေါ့နော် သူ့ရဲ့ Decision အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးက အားလုံးပြေလည်ငြိမ်းချမ်းရေးကဖြစ်လာမယ်ဆိုတာကို ကျနော်တို့ အားလုံးက တွေ့ထားတော့ ဒီအချက်အပေါ်မှာ ကျနော်တို့ ဒီ Europe က အစိုးရတွေနဲ့ စကားပြောဖြစ်ရင်လည်း ဒီမြန်မာပြည်ငြိမ်းချမ်းရေးက ရဖို့ဆိုတာက တပ်မတော်အပေါ်မှာပဲ မူတည်တယ်။ တပ်မတော်ကပဲ ဒီငြိမ်းချမ်းရေးကို ကြိုးကိုင်ထားတဲ့သူတွေဖြစ်တယ်။ ဒါကိုပဲ ကျနော်တို့ အားလုံးက တစိုက်မတ်မတ် NLD ကိုပဲ မဟုတ်ပဲနဲ့ တပ်မတော်ကိုပဲ အဓိက မီးမောင်းထိုးပြီးတော့ ပြောပြဖို့အတွက် ရည်ရွယ်ချက်အနေနဲ့ အားလုံးရဲ့ခေါင်းစဉ်ထဲမှာပါဝင်တာပေါ့။