နောက်သီတင်းပတ်မှာလုပ်မယ့် အမေရိကတိုက်နိုင်ငံမှာ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် သွားတဲ့အခါ ကျူးဘားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ မျှော်လင့်မထားဘူးလို့ သမ္မတအိမ်ဖြူတော် တာဝန်ရှိ သူတွေက ပြောပါတယ်။
ဒါပေမဲ့လည်း သမ္မတထရမ့်ပ်နဲ့ လက်တင်နဲ့မြောက်အမေရိက နို်င်ငံတွေက ခေါင်းဆောင်တွေကြား ဆွေးနွေးပြောဆိုဖို့ အခွင့်အလန်းတွေ အများအပြားရှိနေပါတယ်။ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးကို ပီရူးနိုင်ငံ၊ Lima မြို့မှာလုပ်မှာဖြစ်ပြီး နောက် သီတင်းပတ်သောကြာ ဧပြီလ ၁၃ ရက်နေ့ စတင်မှာပါ။
အမေရိကန်-မက္ကဆီကိုနယ်စပ်ကို စစ်တပ်လွှတ်မယ့်အစီအစဉ်ကို သမ္မတထရမ့်ပ်က နောက်ဆုံးအဆင့် ပြင်ဆင်နေချိန်၊ မြောက် အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် NAFTA ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားချိန်နဲ့ အခု ထိပ်သီးအစည်းအဝေး ကျင်းပမယ့်အချိန် တိုက်ဆိုင်နေပါတယ်။
သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ်လို့ သမ္မတထရမ့်ပ်က မကြာသေးခင်ကပဲ ကြေညာထားတဲ့ကိစ္စ ကို ထိပ်သီးအစည်းအဝေးတက်မယ့် ခေါင်းဆောင်အတော်များများက ဝေဖန်ထားတာပါ။ ထိပ်သီးအစည်းအဝေးမှာပါတဲ့ နိုင်ငံ အတော်များများကို ယာယီကင်းလွတ်ခွင့်တွေ ပြုထားပြီးဖြစ်ပေမဲ့လည်း အဲဒီနိုင်ငံတွေဘက်က လက်တုန့်ပြန်မယ်လို့ ခြိမ်းခြောက် ထားတာပါ။