ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ ဆုံးပါးသွားတဲ့ Iranland က နာမည်ကျော် Cranberries ရောခ် ဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုရှင် Dolores O'Riordan ဟာ အသက် ၄၆ နှစ်နဲ့ ဇန်နဝါရီလ ၁၅ ရက် တနင်းလာနေ့က ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ်။ သူအသံသွင်းဖို့ လန်ဒန်ကိုရောက်နေတုန်း အခုလို ရုတ်တရက်ကွယ်လွန်သွားတာလို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Indi ဂစ်တာသံစဉ်တွေရယ် Dolores O’Riordan ရဲ့ အိုင်းရစ်ဂီတ သံစဉ်တေးအလိုက်သီဆိုပုံတွေ ပေါင်းပြီးတော့ the Cranberries အဖွဲ့ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အထူးနံမည်ရ အောင်မြင်ခဲ့တာပါ။ သူတို့သီချင်းတွေထဲက Linger တို့ Zombie တို့ သီချင်းတွေဟာ မြန်မာနိုင်ငံထိပါ ပျံနှံကျော်ကြားခဲ့ပါတယ်။ အဲဒီ ဆယ်စုနှစ်တွေမှာ the Cranberries အဖွဲ့က အောင်မြင်မှုအရဆုံး ရောခ်ဂီတအဖွဲ့လို့တောင် ပြောနိုင်ခဲ့ပါတယ်။
ဒါကြောင့် သူနဲ့ပတ်သက်လို့ အမှတ်တရအစီအစဉ်လေးကို မအေးသန္တာကျော်က တင်ဆက်ပေးထားပါတယ်။ နားဆင်ကြည့်နိုင်ပါတယ်။