သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား စစ်စတိုက်လာရင် အမေရိကန် စစ်ရေးအသင့်လို့ ထရမ့်ပြော


မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump

မြောက်ကိုရီးယားဘက်က စစ်ရေးနည်းနဲ့ စတင်တိုက်ခိုက်လာမယ်ဆိုရင် လက်တုံ့ပြန်ဖို့အတွက် အမေရိကန်စစ်တပ်က အသင့် အနေအထား ပြင်ထားပြီးပြီလို့ သမ္မတ Donald Trump က မြောက်ကိုရီးယားကို ထပ်မံ သတိပေး ပြောဆိုလိုက်ပါတယ်။

“စစ်ရေးနည်းနဲ့ တုံ့ပြန် ကိုင်တွယ်ဖို့ အားလုံး အသင့်ပြင်ထားပြီးပြီ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း အနေနဲ့ တခြားနည်းလမ်း ရွေးချယ် ဆောင်ရွက်ဖို့ မျှော်လင့် တယ်။” - လို့ သမ္မတ က သူ့ရဲ့ တွီတာလူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ပဲ ရေးလိုက်တာပါ။

အမေရိကန်နဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တွေကို ခြိမ်းခြောက်တဲ့ ပထမဆုံးတိုက်ခိုက်မှု လုပ်လာမယ်ဆိုရင် တရုတ် အနေနဲ့ မြောက်ကိုရီးယားကို အကူအညီပေးမှာ မဟုတ်ဘူးလို့ တရုတ်အစိုးရက ပြောဆိုပြီး နာရီပိုင်းအကြာမှာ သမ္မတ Trump က ထပ်မံ သတိပေးလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ပထမဆုံး တိုက်ခိုက်တဲ့အချိန်မှာ တရုတ်အစိုးရအနေနဲ့ ဘယ်သူ့ဘက်မှမပါဘဲ ကြားနေသွားမယ် ဆိုတဲ့သဘောမျိုးကို အစိုးရအာဘော် Global Times သတင်းစာရဲ့ ဒီကနေ့ အယ်ဒီ့တာအာဘော်ကဏ္ဍမှာ မြောက်ကိုရီးယားကို သတိပေး ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ မဟာမိတ် တောင်ကိုရီးယား နိုင်ငံတို့ စစ်ရေးအရ ပူးပေါင်းပြီး ကင်မ်ဂျုံအွန်းအစိုးရကို ဖယ်ရှားဖို့ ကြိုးစားလာမယ်ဆိုရင်တော့ သူ့အနေနဲ့ ကြားဝင် ပါရလိမ့်မယ်လို့ အဲဒီ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

ဒီဆောင်းပါးဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေတာ နဲ့ပတ်သက်လို့ တရုတ်ရဲ့ရပ်တည်ချက်ကို ထပ်မံ ဖော်ပြလိုက်တာဖြစ်ပါတယ်။ တရုတ်ဟာ အမေရိကန် နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးကို ရန်လိုမှုတွေ လျှော့ချပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ အကြိမ်ကြိမ် သတိပေး နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG