ဥရောပသုံးနိုင်ငံ ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်နောက်ဆုံး ခရီးတထောက်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ ဗြိတိန်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံခဲ့သလို၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Borris Johnson နဲ့လည်း ညနေပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။