သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်နှင့် TNLA တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦး အပါအဝင် လူလေးဦး ဒဏ်ရာရ


TNLA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ
TNLA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ

ရှမ်းပြည်မြောက်ပိုင်းနမ့်ဆန်မြို့မှာ လက်နက်ကြီးကျည် ကျတာကြောင့် လူလေးဦးဒဏ်ရာရခဲ့ပြီး အိမ်တချို့ ပျက်ဆီးခဲ့ပါတယ်။ မြို့နယ် ရဲစခန်းနဲ့ အုပ်ချုပ်ရေး ဌာနတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တပ်မတော်ဘက်က လုံခြုံရေး တိုးမြှင့်လိုက်တာကြောင့် ဒေသတွင်း တည်ငြိမ်သွားပေမယ့် ဒေသခံတွေကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေကြဆဲပါ။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

ရှမ်းပြည် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့ပေါ်ကို လက်နက်ကြီးကျည် ကျတာကြောင့် လူ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လားရှိုး ဆေးရုံးကြီးကို ပို့ဆောင် ဆေးကုသနေကြရပါတယ်။ နမ့်ဆန်မြို့တွင်းက အိမ် ၃ လုံးလောက်လည်း လက်နက်ကြီးကျည် ကျလို့ ပျက်ဆီးခဲ့တယ်လို့ နမ့်ဆန် ဒေသခံ ဦးဖိုးစိန်က ပြောပါတယ်။

“လက်နက်ကြီးကျတာတော့ ဟုတ်တယ.်။ တပ်ကုန်းတော့ မဟုတ်ဘူးပေါ့ မင်္ဂလာရပ်ကွက်မှာ။ မြို့ပေါ်မှာလဲ ကျတယ် နောက်ပြီးတော့ ပါဆင်နဲ ဘက်မှာ။

ပန်ဆင်နဲ ဘက်ကတော့ စစပစ်တဲ့ ဥစာ ၊ ထိခိုက်တဲ့လူကတော့ရှိပါတယ်။ လေးေ.ယက်။ နှစ်ယောက်ကတော့ လင်မယား။ လားရှိုးဆေးရုံကို ရောက်သွားပြီ။ အငယ်ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်။ အိမ်ကတော့ အိမ်ခေါင်မိုးတော့ ပျက်သွားတာ သုံးလေးအိမ်တော့ရှိတာပေါ့။”

ဒီလ ၂၃ ရက်နေ့ ညသန်းခေါင်ကျော်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ဘယ်သူတွေ လုပ်ဆောင်ခဲ့သလဲ ဆိုတာ မသိရပေမယ့် နမ့်ဆန်မြို့အတွင်းက ရဲတပ်ဖွဲ့ရုံး၊ အုပ်ချုပ်ရေး ရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သန်းခေါင်ကျော် အချိန်မှာ နမ့်ဆန်မြို့က သူ့နေအိမ်ရှေ့ကနေ လက်နက်ကိုင်တွေ ဖြတ်သွားကြတယ်လို့ ဒေသခံ ဦးဖိုးစိန်က ပြောပါတယ်။
“အဲဒီညမှာတော့ နှစ်မဘက်က ပစ်တယ်ဆိုတော့ ဘယ်ဘက်က ပစ်တယ်ဆိုတာ အတိအကျတော့မရဘူးပေါ့။ ညသန်းခေါင်အချိန်မှာပေါ့ ဖြစ်တာ။ မင်္ဂလာရပ်ကွက်ရော၊ မြို့နယ်ရပ်ကွက်ရော၊ အကုန်လုံး ရုံးရှိတဲ့ နေရာ အကုန်ပစ်တယ.် ရဲစခန်းလဲပစ်တယ်။ ဒေသရုံးလဲ ပစ်တယ်၊ တပ်ကုန်းလဲ ပစ်တယ်။

ကျွန်တော်ကိုယ်နှိုက်ကိုလဲ ပုန်းနေရတာပေါ့လေ။ ကျွန်တော့် အိမ်ရှေကက နေ ဖြတ်သွားတာတော့ တွေ့တယ်။ ကျွန်တော်တို့လဲ ထွက်ပြီး မကြည့်ရဲဘူးလေ။”

တိုက်ခိုက်မှုတွေ ဖြစ်အပြီးမှာတော့ မြန်မာ့တပ်မတော်ဘက်က နမ့်ဆန်မြို့တွင်းကို နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးနောက် လုံခြုံရေး တိုးမြှင့်ထားပါတယ်။ နမ့်ဆန်မြို့တွင်းမှာ အခြေအနေ တည်တည်ငြိမ်ငြိမ် ဖြစ်သွားပေမယ့် မြို့ခံတွေကြားမှာတော့ စိုးရိမ်နေကြတယ်လို့လည်း ဦးဖိုးစိန်က ပြောပါတယ်။

“တပ်မတော်ဘက်ကလဲ တိုက်ပွဲဖြစ်တဲ့နောက် အကုန်လုံး နယ်မြေရှင်းတာပေါ့နော်။ ဒီမှာ ရပ်ကွက်ကိုလဲ ရောက်လာတယ်။ အကုန်လုံး လမ်းတွေရှင်းတာပေါ့။ အကုန်လုံးကင်းချတာပေါ့လေ။ လုံခြုံရေးယူထားတယ.်။ အေးဆေးပါပဲ။ လက်ဖက်ရည်ဆိုငတွေ ဘာတွေ ဖွင့်ထားတာတွေ့တယ်။ ခါတိုင်းဆိုရင်တော့ လမ်းလှောျက်တဲ့ လူတွေလဲ ရှိတာပေါ့။ နောက်ပိုင်းမှာ လမ်းလျှောက်တဲ့သူတော့ မရှိတေ့ာ့ဘူး။ စိုးရိမ်စိတ်ကတော့ ရှိတာပေါ့။ နမ့်ဆန်မှာ။”

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်မှာ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ့တပ်မတော်ကြား ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့လည်း TNLA က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အဖြစ် လက်မခံတဲ့ TNLA တအာင်းပလောင် တပ်ဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲလိုက်တဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/ SSA တပ်တွေနဲ့လည်း ဒီနှစ်ဆန်းပိုင်းက စလို့ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG