သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ်အနီး ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး


ရှမ်းပြည်နယ်အတွင်းက ရွှေတူးဖော်နေတဲ့မြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ရှမ်းပြည်နယ်အတွင်းက ရွှေတူးဖော်နေတဲ့မြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ် တာချီလိတ်မြို့ အရှေ့ဘက်ခြမ်းကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း စက်ယန္တရားတွေသုံးပြီး ရွှေတူးဖေါ်တာခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးနေရတယ်လို့ Shan Human Rights Foundation အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ နှစ်စဉ် မိုးရာသီရောက်တိုင်း ရွှံ့နွံရေတွေလွှမ်းမိုးတာ၊ လယ်မြေတွေ ပျက်စီးတာ၊ သားငါးတွေသေဆုံးတာတွေ ကြုံနေရတယ်လို့ ကြေ ညာချက်မှာ ဖေါ်ပြပါတယ်။ ရန်ကုန်က လာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

တာချီလိတ်မြို့ အရှေ့ခြမ်း နာဟိုင်းလုံကျေးရွာဘက်မှာ ၂၀၀၇ နှစ်ကတည်းက စက်ယန္တရားတွေနဲ့ စပြီး ရွှေတူးဖော်ခဲ့တာလို့ Shan Human Rights Foundation အဖွဲ့ ပြောရေဆိုခွင့်ရှိသူ ယွင်းလျန်းဟန်က VOA ကို ပြောပါတယ်။ ဒီရွှေးတူးဖော် မှုကြောင့် ကျေးရွာ ၂ ရွာ နှစ်စဉ်မိုးရာသီကာလမှာ ရွှံ့နွံရေလွှမ်းမိုးမှုခံစားနေရသလို လယ်မြေဧက ၁၆၀ ကျော်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

“ထိခိုက်တာတော့ ကျေးရွာ ၂ ရွာပေါ့ ဟုတ်ကဲ့၊ ဒီနာဟိုင်းလုံကျေးရွာမှာ စုစုပေါင်း အိမ်ခြေ ၅၂ အိမ်ထောင်စုရှိတယ်ရှင့်။ အဲ့မှာ ၅၂ အိမ်ထောင်စုမှာ အိမ်ထောင်စု ၂၂ စုကတော့ သူတို့ ပြောင်းပြီးထွက်သွားတယ်ပေါ့နော်၊ သူတို့က အရမ်းဆိုးဆိုးဝါးဝါးကြုံခဲ့လို့၊ နှစ်တိုင်းရေဝင်တာတွေ ခံစားနေရတာအတွက်ကြောင့်မို့လို့။ အဲ့ဒီ လယ် ယာမြေကတော့ ကျမတို့ ဒီကျေးရွာ ၂ ရွာပေါ့နော် ကျမတို့ ဒီ နာဟိုင်းလုံနဲ့ ဝန်းမနော်ကျေးရွာပေါ့နော် ဧက ၁၆၈ ဧကပေါ့နော်၊ ပျက်စီးခဲ့ရတယ်ရှင့်။ ဟုတ်ကဲ့။”

စွန့်ပစ်အညစ်အကြေးတွေကြောင့် သား၊ ငါးတွေ သေဆုံးတာ၊ သောက်သုံးရေ ညစ်ညမ်းတာတွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်ပြီး လယ်ယာတွေ လုပ်ကိုင်စားသောက်လို့မရဘဲ ပျက်စီးကုန်တယ်လို့လည်း ပြောပါတယ်။

“တူးတာတော့ ဒီ ၂၀၀၇ ကနေ စတူးတယ်ရှင့်၊ ဟိုအရင် ဦးသန်းရွှေတို့ခေတ်တွေက ဒီကရွှေးတူးဖော်မှုတွေက စခဲ့တယ်။ အဓိကတော့ ဒီရွှေးတူးတဲ့နေရာနဲ့ ဒီလိုမျိုး ဒီရွှံ့ နွံတွေပေါ့နော်- ရွှံ့ နွံတွေ ထွက်တယ်။ အဲ့နွံတွေက ချောင်းတွေအတိုင်း ပါလာပြီးမှ၊ ဒီရေနဲ့အတူပါလာပြီးမှ အိမ်တွေထဲမှာ ကျမတို့ ဒီလိုမျိုး ရိုးရိုးရေကြီးတာမဟုတ်ဘဲနဲ့ အဲ့ ရွှံ့ နွံတွေနဲ့ တရွာလုံးမှာ ဘာမှသွားလို့မရ လာလို့မရ၊ ဘာမှလုပ်လို့ မရအောင် တအိမ်လုံး အိမ်တွေလည်း ပျက်တယ်။ အဲ့လိုမျိုး ရေကြီးတိုင်း ကြုံခဲ့တာလည်း ရှိတယ်ပေါ့နော်။ ဒေသခံတွေကတော့ အစဉ်ဆက်ပေပါ့နော်၊ သူတို့ စာတင် တယ်။ သူတို့ဒီလိုမျိုးလက်မခံဘူး။ သူတို့ကန့်ကွက်ခဲ့တာမျိုးတွေ အမြဲတမ်း သူတို့ လုပ်ခဲ့တယ်။”

ဒီလို စက်ယန္တရားတွေနဲ့ ရွှေတူးဖေါ်တဲ့ လုပ်ငန်းတွေကို စစ်တပ်ပိုင် ကုမ္ပဏီတွေအပါအဝင် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၂၀ ခုလောက် လာရောက် လုပ်ကိုင်နေကြတာလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရွှံ့နွံ ရေလွှမ်းတာ ခံနေရတဲ့ အိမ်ထောင်စု ၅၂ စုအနက် အိမ်ထောင်စု ၁၂ စုကို နေအိမ်အပေါ်မူတည်ပြီး ထိုင်းဘတ်ငွေ ၁ သိန်းခွဲကနေ ၆ သိန်းကြား ရွှေတူးဖော်နေတဲ့ ကုမ္ပဏီဘက်က လျော်ကြေးပေးပြီး ပြောင်းရွှေ့ခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလတုန်းက ရွှေတူးဖော်တာကို ဦးဆောင်ကန့်ကွက်သူ တဦးကို စစ်တပ်ဘက်က ပစ်သတ်တာခံခဲ့ရတဲ့အတွက် ဒေသခံတွေ ကြောက်လန့်ပြီး ကန့်ကွက်ဆန္ဒပြတာတွေ နည်းသွားတဲအ့ကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ရွှေတူးဖော်မှု လုပ်ငန်းစတင်ချိန်ကစပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်အထိ စဉ်ဆက်မပြတ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြတာတွေ သက်ဆိုင်ရာကို တင်ပြတောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် လက်ရှိချိန်ထိ ထိထိရောက်ရောက် ဖြေရှင်းတာမျိုး မရှိဘူးလို့ Shan Human Rights Foundation အဖွဲ့ က ဆိုပါတယ်။

ကုမ္ပဏီတွေအနေနဲ့ စစ်တပ်နဲ့ မပူးပေါင်းဘဲ သယံဇာတ တူးဖော်မှုတွေ ရပ်တန့်ဖို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]












XS
SM
MD
LG